DVB Logo
Home
မြန်မာသတင်း
စာရေးဆရာထင်လင်းဦးအမှု စတုတ္တအကြိမ်ရုံးထုတ်
DVB
·
January 8, 2015
စာရေးဆရာထင်လင်းဦးအမှု  စတုတ္တအကြိမ်ရုံးထုတ်
1 / 5
Donate to DVB

သာသာနာညှိုးနွမ်းစေမှု အပါအ၀င် ပုဒ်မ ၂ ခုနဲ့ တရားစွဲခံရတဲ့ စာရေးဆရာထင်လင်းဦး အမှုကို ဒီဇင်ဘာ ၈ ရက်နေ့ ချောင်းဦးမြို့နယ်တရားရုံးမှာ ထပ်မံရုံးထုတ်ပြီး တရားလိုပြသက်သေ ၂ ဦးကို စစ်ဆေးပါတယ်။

စာရေးဆရာထင်လင်းဦး အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက အာမခံ ထပ်မံတင်သွင်းတာလည်း ပယ်ချခံရတယ်လို့ ပြောပါတယ်။

စာရေးဆရာထင်လင်းဦးရဲ့ ဒီနေ့ ရုံးချိန်းကို သူ့ကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေပါ လာရောက်ခဲ့တဲ့အတွက် နောင်မှာ ပြဿနာ  မဖြစ်စေဖို့ အတွက် မန္တလေးတိုင်း တရားရုံးမှာ ပြောင်းစစ်ဆေးသွားဖို့ လျှောက်ထားမယ်လို့ သူက ပြောပါတယ်။

“တဖက်ကလာပြီးတော့ အင်အားပြတာ၊ ခြိမ်းခြောက်တာ ဒါမျိုးတွေလည်း ရှိနေတော့ ရုံးပြောင်းလျှောက်ဖို့အတွက် စိတ်ကူးနေပါတယ်၊ ဒီမှာဆိုရင် လုံခြုံရေးလည်း မပေးနိုင်ဘူး၊ တရားမျှတမှု ရမယ်လို့ မယုံဘူး” ဦးသိန်းသန်းဦးက ပြောပါတယ်။

ဒီဇင်ဘာ ၁၅ နဲ့ ၂၃ ရက်နေ့ကို ထပ်မံရုံးချိန်းခဲ့တယ်လို့လည်း ဆိုပါတယ်။

အောက်တိုဘာ ၂၃ ရက် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြောပွဲမှာ ဟောပြောချက်နဲ့ပတ်သက်လို့ ဘာသာသာသနာ ယုံကြည်မှုကို စော်ကားမှု ပုဒ်မ ၂၉၅ (က)၊ ဘာသာရေးကို စိတ်နာစေရန် တမင်ကြံရွယ်၍ စကားပြောဆိုမှု ပုဒ်မ ၂၉၈ တွေနဲ့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။

[gallery ids="76347,76348,76349,76350,76351"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013