DVB Logo
Home
မြန်မာသတင်း
ကုလ လူ့အခွင့်အရေးသံတမန်ကို စစ်တွေလေဆိပ်တွင် ရခိုင်ဒေသခံများ ဆန္ဒပြ
DVB
·
January 8, 2015
ကုလ လူ့အခွင့်အရေးသံတမန်ကို စစ်တွေလေဆိပ်တွင် ရခိုင်ဒေသခံများ ဆန္ဒပြ
Donate to DVB

ရခိုင်ပြည်နယ်ကို ဒီကနေ့ လာရောက်ဖို့ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူး သံကိုယ်စားလှယ် မစ္စယန်ဟီးလီကို ဆန္ဒပြဖို့ ရာနဲ့ချီတဲ့ ဒေသခံတွေ ဒီကနေ့မနက်ကတည်းက စစ်တွေလေ ဆိပ်မှာစောင့်ဆိုင်းနေကြပါတယ်။

300x210xMiss-Yung-Hee-Lee-300x210.jpg.pagespeed.ic.3YKcSnQATLကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ ရိုဟင်ဂျာစကားလုံးကို မြန်မာအစိုးရက လက်ခံဖို့နဲ့ နိုင်ငံသားအဖြစ် သတ်မှတ်ပြီး ခရီးသွားလာခွင့်၊ နေထိုင်ခွင့် ပေးဖို့ ဖော်ပြခဲ့တာကို မကျေနပ်လို့ ဆန္ဒပြတာလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ ကိုသွင်က ပြောပါတယ်။

“‘ဒါဟာ နိုင်ငံတနိုင်ငံ အမျိုးသား လုံခြုံရေး ကိစ္စကို လုံးဝထည့်မစဉ်းစားဘဲနဲ့ လိုအပ်တာထက်ပိုပြီးတော့ နိုင်ငံတနိုင်ငံအပေါ် ၀င်ရောက်စွက်ဖက်တယ်၊ ဖိအားပေးတယ် ဒါဟာ ကျနော်တို့ လုံးဝ လက်မခံဘူးဆိုတဲ့ ကိစ္စပေါ်မူတည်ပြီးတော့ပါ။”

မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေတွေကို စုံစမ်းလေ့လာဖို့ လာရောက်တဲ့ ယန်ဟေးလီဟာ ဒီကနေ့မနက်က အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ လူ့အခွင့်အရေးလှုပ်၇ှားသူတွေနဲ့ ဒီကနေ့ ရန်ကုန်မှာတွေ့ ဆုံခဲ့ ပါတယ်။

လူ့အခွင့်အရေးသံတမန်နဲ့ တွေ့ဆုံခဲ့တဲ့ ညီမျှခြင်းမြန်မာက ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းက လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေအပါအ၀င် မျိုးစောင့် ဥပဒေတွေကိစ္စနဲ့ ရပ်အကြောင်းနဲ့ အမျိုးသမီးကိစ္စတွေကို အဓိကထား ဆွေးနွေးဖြစ်တယ်လို့ ပြောပါတယ်။

“ဒီဥပဒေရဲ့ မူလထဲမှာတော့ ကာကွယ်မှုလို့ ပြောတယ်၊ ဒါပေမယ့် ကာကွယ်မှုပုံစံမဟုတ်ဘဲနဲ့ ထိန်းချုပ်မှု ပုံစံ ဖြစ်နေတဲ့ အကြောင်းတွေ ကျနော်တို့ ပြောတာ ရှိတယ်၊ လူတစုကိုပဲကာကွယ်ပေးတဲ့ ရည်ရွယ်ချက်ရှိတဲ့ ဥပဒေမျိုးက ကျနော်တို့ တိုင်းပြည်မှာလို တိုင်းရင်းသား လူမျိုးပေါင်းစုံ ဘာသာရေး လူမျိုးပေါင်းစုံ ရှိနေတဲ့ နေရာမျိုးမှာ ကောင်းကျိုးထက်ပိုဆိုးကျိုးဖြစ်စေမယ် ” လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒါ့အပြင် ကျားမ တန်းတူညီမျှရေး ကွန်ယက်ရဲ့ တွဲဖက် ဥက္ကဋ္ဌ ဒေါ်သံစည်ထွန်းသိန်းက နိုင်ငံတော်နဲ့ ပူးပေါင်းပြီးတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်တဲ့ ဥပဒေကို ရေးဆွဲနေတဲ့ ကိစ္စကိုဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“အဓိကကတော့ မြန်မာပြည်မှာ အခုလုပ်နေတဲ့ အမျိုးသမီး အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေကို အမြန်ဆုံးပြီးမြောက်အောင်လုပ်ပြီးတော့ ဒီဥပဒေကို အမြန်ဆုံး အတည်ဖြစ်သွားအောင် လုပ်မှာပေါ့နော် အဲဒါကြိုးစားဖို့လုပ်နေတယ်ဆိုတာကို ပြောခဲ့တာ” လို့ ဒေါ်သံစည်ထွန်းသိန်းက ပြောပါတယ်။

မစ္စယန်ဟီးလီဟာ ဇန်န၀ါရီလ ၆ ရက်ညနေ ကတည်းက မြန်မာနိုင်ငံမှာ ရောက်၇ှိနေတာ ဖြစ်ပြီး မနေ့ကတော့ အင်းစိန်ထောင်ကို သွားရောက်လေ့လာခဲ့တဲ့ အပြင်ေ၇ှ့နေ့များကွန်ယက် ။ လက်ပံတောင်းတောင် အရေးလှုပ်ရှားသူတွေနဲ့ မိကျောင်းကန် သပိတ် စခန်းက ဆန္ဒပြသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013