DVB Logo
Home
မြန်မာသတင်း
တရားမ၀င်သစ်ခုတ်မှုဖြင့် ဖမ်းဆီးခံနေရသူများကိစ္စ မှန်မှန်ကန်ကန်ကိုင်တွယ်ရန် တရုတ်အစိုးရ တိုက်တွန်း
DVB
·
January 8, 2015
တရားမ၀င်သစ်ခုတ်မှုဖြင့် ဖမ်းဆီးခံနေရသူများကိစ္စ မှန်မှန်ကန်ကန်ကိုင်တွယ်ရန် တရုတ်အစိုးရ တိုက်တွန်း
Donate to DVB

10929207_710812822369192_1341343080721939669_nမြန်မာနိုင်ငံထဲမှာ တရားမ၀င်သစ်ခုတ်ရောင်းချမှုဖြင့်  ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံ သားတွေကိစ္စ မှန်မှန်ကန်ကန် ကိုင်တွယ်ဆောင်ရွက်ပေးဖို့  တရုတ်အစိုးရက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်မြန်မာနယ်စပ်  ကချင်ပြည်နယ်ထဲမှာ  တရားမ၀င် သစ်ခုတ်ရောင်းချတဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို မြန်မာဘက်က ဖမ်းဆီး အရေး ယူထားတဲ့ သတင်းတွေထွက်လာပြီးနောက်ခုလို တရုတ်ဘက်က တရားဝင် ထုတ်ပြန်လိုက်တာပါ။

တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟောင်းလီက   မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်သံရုံးအနေနဲ့ ဒီကိစ္စ အသေးစိတ် စိစစ်စုံစမ်းမှုတွေပြုလုပ်နေပြီး ဒီအမှု ကို တရားသဖြင့် မျှမျှတတ ကိုင်တွယ်ဆောင်ရွက်ပေးစေလိုတယ်လို့  တရုတ်နေ့စ ဉ်သတင်းစာ မှာပြောပါတယ်။

‘တရုတ်-မြန်မာနယ်စပ်တလျောက် ဘေးကင်းလုံခြုံဥပဒေစိုးမိုးမှုရှိပြီး ဒီကိစ္စကိုမြန်မာနဲ့ အတူမှန်မှန်ကန်ကန်မျှမျှတတဖြစ်အောင်ကိုင်တွယ် ဖြေရှင်းဆောင်ရွက်ဖို့ တရုတ်တို့ဘက်က ဆန္ဒရှိပါတယ်။ ဒါပေမယ့် တချိန်ထဲမှာပဲ ဖမ်းဆီးခံထားရတဲ့ တရုတ်နိုင်ငံသားတွေအားလုံးရဲ့ တရားဥပဒေဆိုင်ရာအခွင့်အရေးနဲ့ အကျိုးစီးပွားကို အကာအကွယ်ရဖို့ သေချာစေချင်ပါတယ်’လို့ပြောပါတယ်။

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးမှူး ဦးထင်အောင်ဝင်းက ဒီအမှုနဲ့ပတ်သက်လို့ လူ ၉၀ ကျော်ရောက်ရှိလာပြီး စစ်ဆေးနေဆဲပဲ လို့ ပြောပါတယ်။

“ပထမအသုတ်က အယောက် ၄၀ ရောက်တယ်။ ၀ိုင်းမော်စခန်းကို ၂၂ ယောက်၊ မြစ်ကြီးနားကို ၁၈ ယောက်၊ ၀ိုင်းမော်အပိုင်းမှာရောက်တဲ့ ၂၂ ယောက်ထဲ တယောက်က တိုင်းရင်းသား၊ ကျန်တဲ့ ၂၁ ယောက်စလုံး စစ်ပြီးသွားပြီ။ အခုနောက်ထပ်ရောက်လာတဲ့ ၅၄ယောက်မှာ ၃၅ ယောက်က နိုင်ငံခြားသားဗျ၊ အခုစစ်နေတယ်။ မနေ့ကထိ ၁၀ယောက်ကျော် စစ်ပြီးသွားပြီ။ ကျနော်တို့ လ၀က ဘက်ကတာ့ နိုင်ငံခြားသားအရေးယူနိုင်ဖို့ စစ်တာပေါ့ဗျာ”

အမှုစစ်ဆေးနေဆဲဖြစ်ပြီး  ဘယ်လိုပုဒ်မတွေနဲ့ တရားစွဲဆိုမယ်ဆိုတာကိုတော့  မသိသေးရဘူးလို့လဲ ၀ိုင်းမော်လ၀က တာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်ထဲမှာ တပ်မတော် စစ်ကြောင်းတွေက နယ်မြေရှင်းလင်းရာမှာ ဇန်န၀ါရီလ ၂ ရက်နေ့ကနေ ၅ ရက်အထိ တဖက်နိုင်ငံသား အမျိုးသား ၁၁၄ ဦး အမျိုးသမီး ၅ ဦး ကို သစ်ထုတ်ရာမှာ အသုံးပြုတဲ့ ယာဉ်တွေ၊ မူးယစ်ဆေးဝါးနဲ့ တရုတ်ယွမ်ငွေတွေနဲ့ အတူဖမ်းမိပြီး ဇန်န၀ါရီလ ၅ ရက်နေ့မှာလည်း တဖက်နိုင်ငံသား အမျိုးသား ၁၇ ဦး ထပ်မံဖမ်းဆီးမိခဲ့တယ်လို့ အစိုးရက  သတင်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013