DVB Logo
Home
မြန်မာသတင်း
ချမ်းမြေ့ဧည့်ဂေဟာ ဗုံးခွဲမှုဖြင့် စောထွန်းထွန်းကို သေဒဏ်ချမှတ်
DVB
·
January 8, 2015
ချမ်းမြေ့ဧည့်ဂေဟာ ဗုံးခွဲမှုဖြင့် စောထွန်းထွန်းကို သေဒဏ်ချမှတ်
Donate to DVB

တောင်ငူက ချမ်းမြေ့ဧည်ဂေဟာ ဗုံးပေါက်ကွဲမှုနဲ့ တရားစွဲဆိုခံထားရတဲ့ စောထွန်းထွန်းကို ပြစ်မှုထင်ရှားတဲ့အတွက် ခရိုင်တရားရုံးက သေဒဏ်ချမှတ်လိုက်ပါတယ်။

10406791_828027267235775_1090915276205882200_nပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ ချမ်းမြေ့ဧည့်ဂေဟာမှာ ဗုံးပေါက်ကွဲမှု၊ လူသတ်မှုတို့နဲ့ တရားစွဲဆိုခံထားရတဲ့ စောထွန်းထွန်းကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားတဲ့အတွက် ဇန်န၀ါရီလ ၇ ရက်နေ့က ပုဒ်မ ၃၀၂ ၁/ခ အရ မသေမချင်း လည်ပင်းကြိုးစွပ်သတ်စေဖို့ တောင်ငူခရိုင် တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

သေဒဏ်အမိန့်ကို အတည်ပြုနိုင်ဖို့အတွက် ပြည်ထောင်စု လွှတ်တော်ချုပ်ကို ၇ ရက်အတွင်း အတည်ပြုမိန့် တောင်းခံသွားရမှာ ဖြစ်ပြီး စောထွန်းထွန်း အနေနဲ့လည်း ရက်အတွင်း အယူခံဝင်နိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သူ့ကို ဥပဒေပုဒ်မ ၃၂၆ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅ နှစ် ကျခံစေဖို့နဲ့ ပုဒ်မ ၃၂၄ အရ ထောင်ဒဏ် ၂ နှစ် ထပ်မံကျခံစေဖို့ တောင်ငူခရိုင် ဒုတိယခရိုင်တရားသူကြီး ၂ က အမိန့်ချမှတ်ခဲ့ပါသေးတယ်။

တောင်ငူမြို့ ချမ်းမြေ့ဧည့်ဂေဟာဗုံးပေါက်ကွဲမှုနဲ့ စောထွန်းထွန်းကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့ကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ကလည်း ဒုခရိုင်တရားရုံး ၂ က ၁၉၈၀ ခုနှစ် ပေါက်ကွဲစေတတ်တဲ့ အက်ဥပဒေ ၃ နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရပြီး ဖြစ်ပါတယ်။

၂၀၁၃ အောက်တိုဘာလ ၁၁ ရက်နေ့ညက ချမ်းမြေ့ဧည့်ဂေဟာ ဗုံးပေါက်ကွဲမှုကြောင့်  မီးရထားရဲတပ်သား ၁ ဦးအပါအ၀င်  လူ ၂ ဦး သေဆုံးခဲ့ပြီး  ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013