DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမိုပါဝင်နိုင်ရန် ကြိုးစားမယ်ဟု BWU ကတိပြု
DVB
·
January 7, 2015
အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမိုပါဝင်နိုင်ရန် ကြိုးစားမယ်ဟု BWU ကတိပြု
Donate to DVB

အမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုပြီး ပူးပေါင်းပါဝင်နိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က အဖွဲ့တည်ထောင်ခြင်း အနှစ် ၂၀ ပြည့်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့အမျိုးသမီးသဂ္ဂရဲ့ အနာဂတ်မျှော်မှန်းချက်တွေနဲ့ပတ်သက်ပြီး  မြန်မာ့အမျိုးသမီး သဂ္ဂရဲ့ အထွေထွေအတွင်းရေးမှူး မသွယ်ဇင်တိုးက “ရှေ့ဆက်ပြီးတော့မှ ကျမတို့ကတော့ ဒီအမျိုးသမီးတွေ နိုင်ငံရေးမှာ ပိုပြီးတော့ ပူးပေါင်းပါဝင်လာနိုင်ဖို့အတွက်ပဲ လုပ်ဆောင်သွားဖို့ရှိတယ်။ အရင်က ကျမတို့ ချမှတ်ခဲ့တဲ့ ရည်မှန်းချက်၊ ဦးတည်ချက်၊ မျှော်မှန်းချက်အတိုင်းပဲ ဆက်သွားမှာပေါ့နော်” လို့ ပြောပါတယ်။

bwuမြန်မာ့အမျိုးသမီးသမဂ္ဂအနေနဲ့ အနှစ် ၂၀ ပတ်လုံး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် အမျိုးသမီးငယ်တော်တော်များများရဲ့ စွမ်းရည်ကို မြှင့်တင်ပေးနိုင်ခဲ့တယ်လို့လည်း မသွယ်ဇင်တိုးက ပြောပါတယ်။

“ဒီဖြတ်သန်းခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ကျမတို့အဖွဲ့အတွင်းမှာ  အမျိုးသမီးငယ်ခေါင်းဆောင်တွေကို အများကြီးမွေးထုတ်နိုင်ခဲ့တယ်။ ကျမတို့လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက် အကျိုးရလဒ်အဖြစ်နဲ့ အမျိုးသမီးငယ်တွေဟာ သူတို့ဘ၀ တဆင့်မြင့်ပြီးတော့ တခြားနေရာမှာ ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ဟာမျိုးတွေ အများကြီးဖြစ်လာတယ်။ ပြီးတော့ အမျိုးသမီးခေါင်းဆောင်တိုးလာတာတင် မဟုတ်ဘဲနဲ့ အမျိုးသမီးလူငယ်တွေကြားထဲမှာ တာဝန်ယူမှု၊ တာဝန်ခံမှု၊ ခေါင်းဆောင်ကောင်းတယောက်ရဲ့ အရည်အသွေးတွေကိုလည်း ကျမတို့ ဖြည့်ပေးနိုင်ခဲ့ပါတယ်။”

မြန်မာ့အမျိုးသမီးသဂ္ဂကို ၁၉၉၅ ခု ဇန်န၀ါရီလ ၇ ရက်နေ့မှာ မြန်မာနိုင်ငံကနေ ထွက်လာတဲ့ မြန်မာအမျိုးသမီး ကျောင်းသူတွေကနေ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး အမျိုးသမီးအခွင့်အရေးနဲ့ အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်လာနိုင်ရေးအတွက် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီနှစ် ၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ညနေပိုင်း ကျင်းပပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013