DVB Logo
Home
မြန်မာသတင်း
ဖားကန့်မြေပြိုမှု အနည်းဆုံးလူ ၂ ဦးသေဆုံးပြီး လူတချို့ ပျောက်ဆုံးနေ
DVB
·
January 7, 2015
ဖားကန့်မြေပြိုမှု အနည်းဆုံးလူ ၂ ဦးသေဆုံးပြီး လူတချို့ ပျောက်ဆုံးနေ
Donate to DVB

ကချင်ပြည်နယ် ဖားကန့်မြို့ အနောက်ဘက်  အေးမြသာယာရပ်ကွက်ထဲမှာ ဇန်န၀ါရီလ ၆ ရက်ညက မြေစာပုံ ပြိုကျလို့ အနည်းဆုံး လူ ၂ ဦးသေဆုံးပြီး လူတချို့ ပျောက်ဆုံးနေတယ်လို့ ဖားကန့်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးဒါရှီလာဆိုင်းက ဒီဗွီဘီကို  ပြောပါတယ်။

Jade“မနေ့ည ၇ နာရီကျော်မှာ  မှော်မောင်းကုန်းလုပ်ကွက်အနောက်ဘက်က မြေစာပုံပြိုကျပါတယ်။ အဲဒီမှာ လူပေါင်း ၂၀၀ လောက်က တချိ့က ဈေးရောင်းနေတာ။ တချို့ က ရေမဆေးကျောက်တွေ လိုက်ကောက်နေတာဗျ။ မြေစာပုံက အကြီးကြီး တောင်လိုမောက်နေတာ။ လူ သုံးလေးဆယ်လောက် အဲဒီ မြေစာပင်အောက်ရောက်ကုန်တယ်လို့ ကျောက်တူးသမားတွေက လာပြောတယ်။ ကျနော်ခုနက သွားကြည့်တာ အလောင်း ၂ လောင်းပဲ တွေ့သေးတယ်။ ဖားကန့်ဆေးရုံကို သယ်သွားပြီ။ ၂ ယောက် လုံး ရခိုင်ပြည်နယ်ကပဲ။

သေဆုံးသူ ၂ ဦးမှာ ပုဏ္ဏကျွန်းက ကိုမျိုးနိုင် (၂၃) နှစ်နဲ့ စစ်တွေက ကိုနေလင်း  (၂၀) နှစ် တို့ဖြစ်တယ်လို့ ဆက်ပြောပါတယ်။  လောလောဆယ် မြေပိပြီး သေဆုံး၊ ပျောက်ဆုံးနေ သူအရေအတွက်ကို တိတိကျကျသိရခြင်းမရှိသေးပါဘူး။

ဒီလုပ်ကွက်မှာ တာဝန်ယူထားတဲ့ ကျောက်တူးကုမ္ပဏီနဲ့  သက်ဆိုင်ရာ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကတော့ မြေစာပုံကြား ပိတ်မိနေသူတွေ ကိုအပူတပြင်း ရှာဖွေနေဆဲဖြစ်ပါတယ်။

အဲဒီနေရာဟာ ကျောက်တူးကုမ္ပဏီအများအပြားက မြေစာတွေ လာပစ်ချတဲ့နေရာဖြစ်ပြီး ဒီမတိုင်ခင်က မိုးရွာတာကြောင့် မြေစာအောက်ပိုင်း ရေစီးကြောင်းက လှိုင်ခေါင်းလိုဖြစ်ပြီး မြေတွေ ပြိုကျတာ ဖြစ်နိုင်တယ်လို့  ခန့်မှန်းပြောဆိုနေကြပါတယ်။

ဖားကန့်မှာ ရေမဆေး ကျောက်လာကောက်သူတွေဟာ  မြန်မာနိုင်ငံ အနှံ့အပြားက ရောက်ရှိ လာတဲ့ လက်လုပ်လက်စား အလုပ်သမား အများစုဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013