DVB Logo
Home
မြန်မာသတင်း
ရခိုင် နိုင်ငံရေးအကျဉ်းသားဟောင်းမိသားစုများ ပထမဆုံးအကြိမ် တွေ့ဆုံ
DVB
·
January 7, 2015
ရခိုင် နိုင်ငံရေးအကျဉ်းသားဟောင်းမိသားစုများ ပထမဆုံးအကြိမ် တွေ့ဆုံ
Donate to DVB

ရခိုင်ပြည်နယ် သံတွဲ၊ တောင်ကုတ် နဲ့ ဂွမြို့နယ်က နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ မိသားစုဝင်တွေရဲ့ ပထမဆုံးအကြိမ် မျက်နှာစုံညီတွေ့ဆုံပွဲကို သံတွဲခရိုင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ဒီနေ့မနက်ပိုင်းက ကျင်းပပါတယ်။

aapp copyနိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်ချခံခဲ့ရတဲ့ သူတွေနဲ့တကွ မိသားစုဝင်တွေရဲ့ အခက် အခဲတွေကို ၀ိုင်းဝန်းပံ့ပိုး ကူညီနိုင်အောင် ရည်ရွယ်ကျင်းပတာလို့ ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစိုးလင်းက ဒီဗွီဘီကို ပြောပါတယ်။

“မဆလခေတ်ကနေစပြီး ၈ လေးလုံးအရေးတော်ပုံနဲ့ စစ်အာဏာရှင်လက်ထက်ထိ နိုင်ငံရေးအကျဉ်းသားတွေ ကျနော်တို့ ရခိုင်ပြည်မှာလည်း ရှိခဲ့ပါတယ်။ ဒီနိုင်ငံရေး အကျဉ်းသားတွေဟာ သမိုင်းမှတ်တမ်းတခု ဖြစ်ရမယ်ပေါ့ဗျာ။ ဒီခေတ်ဒီကာလတွေမှာ ဒီလို မတရားဖမ်းဆီး ထောင်ချခံခဲ့ရတယ်ဆိုတာတွေ  တိတိကျကျမှတ်တမ်းထားရှိဖို့ ကျနော်တို့ပြောခဲ့ပါတယ်။ ဒီကနေ့မှာ အေအေပီပီ -  မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသား များကူညီစောင့်ရှောက်ရေး အဖွဲ့ကလည်း ဒီကိုရောက်လာတယ်၊ သူတို့အခက် အခဲတွေကို ပိုမိုသိရှိနားလည်စေပြီး လိုအပ်တာတွေ ဆက်ပြီး ထောက်ပံ့ကူညီဖို့လည်း ဖြစ်ပါတယ်။”

နိုင်ငံရေးအကျဉ်းသားတွေမှာ စိတ်ပိုင်း၊ ကိုယ်ပိုင်းဆိုင်ရာ အနာတရတွေအပြင် မိသားစုဝင်တွေမှာလည်း စီးပွားရေးအကြပ်အတည်း၊ သားသမီးတို့ရဲ့ ပညာရေး၊ ကျန်းမာရေးအခက်အခဲတွေပါ နောက်ဆက်တွဲ ကြုံတွေ့ခဲ့ရကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုတစ်စုကို လစဉ် ကျပ်ငွေ ၅ ထောင် စီသာ ထောက်ပံ့နိုင်ခဲ့ကြောင်း ဦးစိုးလင်းက ပြောပါတယ်။

အေအေပီပီအဖွဲ့ ကြီးကြပ်ရေးမှူး  ဦးချစ်ကိုလင်းက သူတို့အနေနဲ့  နိုင်ငံရေး အကျဉ်းသားတွေကို ပိုမိုကူ ညီစောင့်ရှောက်နိုင်ဖို့ အချက်အလက်တွေ လိုက်လံကောက်ယူစုဆောင်းနေတယ်လို့ ပြောပါတယ်။

“အကျဉ်းထောင်ထဲကနေ မလွတ်လာသေးတဲ့သူတွေ၊ လွတ်မြောက်ပေမယ့် စိတ်ပိုင်းဆိုင်ရာကိုယ်ပိုင်းဆိုင်ရာနဲ့ အခြားအခက်အခဲဖြစ်နေသူတွေ၊ မိသားစုဝင်တွေကို ကူညီပေးနိုင်တဲ့ အပိုင်းတွေပေါ့ဗျာ၊ ပြီးတော့ ဒီရခိုင်ပြည်နယ်က အခြေအနေတွေ ပိုပြီး သိရအောင် သူတို့နဲ့တွေ့ဆုံတာ ဖြစ်ပါတယ်။”

အေအေပီပီအဖွဲ့ဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းကစလို့  မြန်မာနိုင်ငံ တိုင်းနဲ့ပြည်နယ်အသီးသီးကို ကွင်းဆင်းကာ နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ သူတို့မိသားစုဝင်တွေနဲ့ လိုက်လံတွေ့ဆုံပြီး လိုအပ်တာတွေ ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ကြောင်း၊  ပြည်နယ်နဲ့တိုင်းက မြို့နယ် ၁၃ ခုကို သွားရောက်ခဲ့ပြီး ပြီလို့ ဆိုပါတယ်။

ဒီရခိုင်တောင်ပိုင်းပြီးရင် မြောက်ပိုင်းဘက်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ သွားရောက်တွေ့ဆုံမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အများအပြား ပြန်လွတ်လာပေမယ့် အားလုံးမလွတ်မြောက်သေးကြောင်း၊ လက်ရှိထောင်ထဲမှာ ၁၆၂ ဦးကျန်ရှိနေပြီး အများအတွက်တိုက်ပွဲ ၀င်ရင်း  ပြင်ပကနေ အမှု ရင်ဆိုင်နေရတဲ့သူပေါင်း ၂၀၃ ဦးရှိတယ်လို့  ဦးချစ်ကိုလင်းက ပြောပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲကို ရခိုင်ပြည်နယ် တောင်ကုတ်၊ ရမ်းဗြဲ၊ ဂွ နဲ့ သံတွဲက အကျဉ်းသားဟောင်းနဲ့ မိသားစုဝင်တွေ ၁၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013