DVB Logo
Home
မြန်မာသတင်း
မန္တလေးကျောက်ဝိုင်း မပြောင်းရွှေ့ရန် သက်ဆိုင်ရာက လိုက်လျော
DVB
·
January 7, 2015
မန္တလေးကျောက်ဝိုင်း မပြောင်းရွှေ့ရန် သက်ဆိုင်ရာက လိုက်လျော
1 / 2
Donate to DVB

မန္တလေးမြို့မှာ လူပေါင်းထောင်သောင်းချီဆန္ဒပြတောင်းဆိုခဲ့တဲ့ မန္တလေး ကျောက်ဝိုင်း မပြောင်းရွေှ့ရေးကို မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီက အထိုက်အလျောက် လိုက်လျောလိုက်ပါတယ်။

မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းနေရာ ပြောင်းရွှေ့ရေးနဲ့ ပတ်သက်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ကြေညာချက်မှာ  နေရာ သစ်ဆီ ပြောင်းရွှေ့လိုသူတွေကို ပြောင်းရွှေ့နေရာချပေးမှာဖြစ်သလို မပြောင်းလိုသူတွေကို လက်ရှိနေရာမှာပဲ ဆက်လက်ရောင်းချခွင့်ပေးသွားမယ်လို့ လိုက်လျောခဲ့တာပါ။

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ၊တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်းက စည်ပင်အနေနဲ့ အများဆန္ဒကို လိုက်လျောပေးခဲ့တာဖြစ်ပြီး သတ်မှတ်ထားတဲ့ ကျောက်ဝိုင်း အသစ်စီမံကိန်းကိုလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့  ဒီဗွီဘီကို ပြောပါတယ်။

ဒီလိုက်လျောမှုအပေါ် မန္တလေးကျောက်ဝိုင်း အဆင့်မြှင့်တင်ရေးကော်မတီက ကြိုဆိုလိုက်ပြီး ကျောက်ဝိုင်းအဆင့်မြှင်ဖို့ ဆက်ြ့ကိုးပမ်းမယ်လို့ ကော်မတီ ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောပါတယ်။

maharaungmway1 copy“တိုင်းဒေသကြီးနဲ့ ပူးပေါင်းလုပ်ဆောင်မှာပါ။ တိုင်းဒေသကြီးလည်း ၀န်ထုတ်ဝန်ပိုး မဖြစ်အောင် ကျနော်တို့ ကျောက်သမားတွေက လူလည်းပါမယ်၊ ငွေလည်း ပါမယ်။ အဆင့်မြှင့်မယ့် ကုန်ကျစရိတ်တွေကို ၀ိုင်းဝန်းပေးမှာပေါ့၊ တိုင်းဒေသကြီးရဲ့ အစီအမံနဲ့” လို့ ဦးသန်းဝင်းက ပြောပါတယ်။

ဇန်န၀ါရီ ၇ ရက်နေ့ မန္တလေးမြို့ရှိ အိုရီရမ်တယ်လ်ဟောက်ဟိုတယ် ကော်မတီ အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တာလို့ ဦးသန်းဝင်းက ပြောပါတယ်။

လတ်တလော မဟာအောင်မြေကျောက်ဝိုင်းမှာ ကျောက်သမား ၁ သိန်းကျော် ရောင်းဝယ်နေကြပြီး စည်ပင်က ဖော်ဆောင်ပေးထားတဲ့ နေရာသစ်မှာ အရောင်းအ၀ယ်လုပ်တဲ့သူ မရှိပါဘူး၊

သက်ဆိုင်ရာက မဟာအောင်မြေကျောက်ဝိုင်းနေရာဟာ တရားဝင်နေရာချထားပေး တဲ့ နေရာမဟုတ်ဘူးလို့ ပြောဆိုနေပြီး ကျောက်သမားတွေကလည်း ဒီနေရာမှာပဲ အရောင်း အ၀ယ် အဆင်ပြေလို့ အချေအတင်ဖြစ်နေကြတာပါ။

ဒီအခြေအနေမှာ သက်ဆိုင်ရာက ကျောက်ဝိုင်းပြောင်းဖို့ စီစဉ်လာတဲ့အပေါ် ပြီးခဲ့တဲ့လထဲ ကျောက်သမားတွေ သောင်းနဲ့ချီစုရုံး ကန့်ကွက်ဆန္ဒပြခဲ့ကြပြီးတဲ့နောက် အုပ်ချုပ်ရေးပိုင်းက လိုက်လျောခဲ့တာလည်းဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013