DVB Logo
Home
Lead Story
တရားမ၀င် သစ်ခိုးထုတ်မှု မြင်ကွင်း (ဓာတ်ပုံ)
DVB
·
January 7, 2015
တရားမ၀င် သစ်ခိုးထုတ်မှု မြင်ကွင်း (ဓာတ်ပုံ)
1 / 63
Donate to DVB

ကချင်ပြည်နယ်ကနေ တရုတ်နိုင်ငံဘက်ကို တရားမ၀င်သစ်ခိုးထုတ်မှုနဲ့ ဆက်နွှယ်ပြီး တဖက်နိုင်ငံသား ၁၇ ဦးကို ထပ်မံ ဖမ်းဆီးမိတယ်လို့ နိုင်ငံပိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ဇန်န၀ါရီ ၅ ရက်နေ့က ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် လောခွန်ယန်ဒေသအတွင်းမှာ စုစုပေါင်း ယာဉ်အစီးရေ ၁၇ စီး၊ သစ်အလုံး ၂၄၀ နဲ့အတူ တဖက်နိုင်ငံသား ၁၇ ဦးကို  တပ်မတော်စစ်ကြောင်းက ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တရားမ၀င် သစ်ခိုးထုတ်မှုနဲ့ ဆက်နွှယ်ပြီး  တဖက်နိုင်ငံသား ၁၀၀ ကျော်အပါအ၀င် လူပေါင်း ၁၂၀ ကျော်ကို ဖမ်းဆီး အရေးယူထားတယ်လို့ စစ်တပ်ပိုင် မြ၀တီသတင်းမှာ ဖော်ပြပါတယ်။

ဝိုင်းမော်မြို့နယ် ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်နဲ့ ဆဒုံးဒေသမှာ အဖိုးတန်သစ်တွေ တရားမဝင် ခုတ်ယူပြီး တဖက်နိုင်ငံသို့  ရောင်းချဖို့ ပြင်ဆင်ထားတာကို  တွေ့ရှိပြီး တပ်မတော်စစ်ကြောင်းတွေက ဇန်နဝါရီ ၂ ရက်မှ ၄ ရက် အထိ နယ်မြေ ရှင်းလင်းရာမှာ ဖမ်းမိခဲ့တာလို့ သတင်းက ဆိုပါတယ်။

ဖမ်းဆီးမိသူတွေထဲမှာ မြန်မာနိုင်ငံသား ၂၀ နဲ့  တဖက် နိုင်ငံသား ၁၀၂ ဦး  စုစုပေါင်း ၁၂၂ ဦးကို တရားမဝင် သစ်ထုတ်ရာမှာ အသုံးပြုတဲ့ ယာဉ် ၄၅၅ စီး၊ တရုတ်ယွမ်ငွေ ၁၂ဝဝဝ အပါအ၀င် မူးယစ်ဆေးဝါးတွေနဲ့ အတူ သိမ်းဆည်း ရမိခဲ့တာပါ။

ဖမ်းဆီးမိတဲ့ တဖက်နိုင်ငံသားတွေထံက ကေအိုင်အေ  စီးပွားရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဇောဘုတ်ထန်း လက်မှတ်ရေးထိုးထားတဲ့ သစ်ထုတ်လုပ် ခွင့်ပြုစာကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့လည်း သတင်းမှာ ပါရှိပါတယ်။

မြန်မာနိုင်ငံမှာ  ပြီးခဲ့တဲ့နှစ် ဧပြီလက စပြီး သစ်အလုံးလိုက် ပြည်ပတင်ပို့မှုကို အစိုးရက တရားဝင် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

[gallery ids="76165,76166,76167,76168,76169,76170,76171,76172,76173,76174,76175,76176,76177,76178,76179,76180,76181,76182,76183,76184,76185,76186,76187,76188,76189,76190,76191,76192,76193,76194,76195,76196,76197,76198,76199,76200,76201,76202,76203,76204,76205,76206,76207,76208,76209,76210,76211,76212,76213,76214,76215,76216,76217,76218,76219,76220,76221,76222,76223,76224,76225,76226"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013