DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ
DVB
·
January 7, 2015
Donate to DVB

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဒီနေ့ မနက်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိပါတယ်။

ဇန်န၀ါရီ ၇ ရက်နေ့ကနေ ၁၆ ရက်အထိ ခရီးစဉ်အတွင်း ရခိုင်နဲ့ ရှမ်းပြည်နယ်က လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေကို အဓိကထား ကောက်ခံသွားမယ်လို့ ယန်ဟီးလီက သတင်းထုတ်ပြန်ထားပါတယ်။

[caption id="attachment_76155" align="aligncenter" width="529"]Yanghee-Lee-Photo မစ္စယန်ဟီးလီ (ဓာတ်ပုံ - ရိုက်တာ)[/caption]

“ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်စခန်းတွေနဲ့ ရခိုင်က အခြေအနေကို သုံးသပ်သွားမှာ ဖြစ်ပြီး ပထမအကြိမ် ခရီးစဉ်အတွင်း ရင်ဆိုင်နေရတဲ့ အရေးပေါ်အခြေအနေ တိုးတက်မှု ရှိမရှိ အကဲဖြတ်သွားမယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မျိုးစောင့်ဥပဒေ ၄ ရပ်နဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး အခြေအနေ စိုးရိမ်ပူပန်မှုတွေကို အထူးအာရုံစိုက်သွားမယ်လို့ ဆိုပါတယ်။

ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးတိုးတက်မှုနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွေကို ဆွေးနွေးသွားမှာ ဖြစ်သလို ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုတရပ်အဖြစ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မီဒီယာနဲ့ အသင်းအဖွဲ့တွေရဲ့ လွတ်လပ်မှု မြေသိမ်းယာသိမ်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအပေါ် ဆန္ဒပြမှုတွေကို သုံးသပ်သွားဖို့နဲ့ ရှေ့လာမယ့် ရွေးကောက်ပွဲ လွတ်လပ်တရားမျှတပြီး အားလုံးပါဝင်နိုင်ဖို့ အတွက် လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013