DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းဒေသကြီးတွင် ဆားထုတ်လုပ်မှု ဆက်လက်ကျဆင်း
DVB
·
January 7, 2015
ဧရာဝတီတိုင်းဒေသကြီးတွင် ဆားထုတ်လုပ်မှု ဆက်လက်ကျဆင်း
Donate to DVB

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်မှစပြီး အခုအချိန်ထိ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆားထုတ်လုပ်မှုဟာ ကျဆင်းနေတုန်းပဲလို့ တိုင်းဒေသကြီး မြန်မာ့ဆားလုပ်ငန်းရုံး တာဝန်ရှိသူက ပြောပါတယ်။

[caption id="attachment_39607" align="aligncenter" width="450"]လပွတ္တာြမို့ ဆားလုပ်ငန်းခွင့်တခု (ဓာတ်ပုံ - ရုိက်တာ) လပွတ္တာမြို့ ဆားလုပ်ငန်းခွင်တခု (ဓာတ်ပုံ - ရိုက်တာ)[/caption]

နာဂစ်အပြီး ဆားထုတ်လုပ်မှုရာသီမှာ ဆားဧက ၃ သောင်းကျော်ကို ဆားတောင်သူ ၈၀၃ ဦး လုပ်ကိုင်ခဲ့ပေမယ့် ၂၀၁၄-၂၀၁၅ ရာသ်ီမှာတော့ ဆားဧက ၁ သောင်းကျော်ကို ဆားတောင်သူ ၂၃၃ ဦးသာလုပ်ကိုင်ဖို့ လျှောက်ထားခဲ့တယ်လို့ မြန်မာ့ဆားလုပ်ငန်းရုံးက စာရင်းဇယားတွေအရ သိရပါတယ်။

ဆားလုပ်ငန်းလုပ်ကွက်တွေ လျှောက်ထားမှုမှာ ၂ နှစ်ခြားတခါဆိုသလို ဧက ၁ သောင်းနှုန်းလောက် ကျဆင်းနေတာဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီးဟာ မြန်မာနိုင်ငံမှာ ဆားအများဆုံး ထွက်ရှိတဲ့ ဒေသတခုလည်း ဖြစ်ပါတယ်။

နာဂစ်မုန်တိုင်းမဖြစ်ခင်က လပွတ္တာ၊ ငပုတော၊ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေးမြို့နယ်တွေမှာ ဆားကွင်းလုပ်ငန်းများစွာ ရှိခဲ့ပါတယ်။

ဆားဈေးနှုန်းတွေဟာ အတက်အကျ မမှန်သလို အရင်းနှီးကလည်း များတာတွေအပြင် လုပ်သားခ ဈေးကြီးတဲ့အတွက် ဆားတောင်သူတွေအနေနဲ့ ဆားလုပ်ငန်းတွေ မလုပ်တော့ဘဲ တခြားလုပ်ငန်းတွေကို ပြောင်းလဲလုပ်ကိုင်မှုတွေ များလာတာကြောင့် ဆားလုပ်ငန်းတွေ ကျဆင်းလာရတာလို့ ဆားတောင်သူတဦးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013