DVB Logo
Home
Lead Story
ရန်ကုန်တွင် အိမ်ရာစီမံကိန်း ၆ ခု အကောင်အထည်ဖော်နေ
DVB
·
January 7, 2015
ရန်ကုန်တွင် အိမ်ရာစီမံကိန်း ၆ ခု အကောင်အထည်ဖော်နေ
Donate to DVB

ရန်ကုန်မြို့ရဲ့ အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် မြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုးရေး ဌာနက အိမ်ရာစီမံကိန်း ၆ ခုကို အကောင်အထည်ဖော်နေပါတယ်။

City Viewဒီစီမံကိန်း ၆ ခုက လာမယ့် ၂၀၁၆ ခုနှစ်အကုန် ပြီးစီးမှာဖြစ်ပြီး အခန်းပေါင်း ၂ သောင်းကျော် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါပေမယ့် ဒီအရေအတွက်က ရန်ကုန်မြို့ရဲ့ အိမ်ရာဈေးနှုန်းကြီးမြင့်နေမှုအပေါ် သက်ရောက်နိုင်မှု မရှိလို့ အိမ်ခြံမြေဈေးနှုန်းက ရုတ်ချည်းပြုတ်ကျသွားနိုင်တဲ့ အလားအလာ မရှိသေးတဲ့အကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတချို့က  ထောက်ပြပြောဆို ပါတယ်။

လက်ရှိ ရန်ကုန်မြို့ရဲ့တန်ဖိုးမြင့်အိမ်ရာ အရောင်းဈေးနှုန်းက ၁ ပေ ပတ်လည်ကို ကျပ် ၄ သိန်း အထက်မှာ ရှိနေပြီး အငှားဈေးနှုန်းကတော့ ၁ ပေပတ်လည်ကို ကျပ် ၁၀၀ ကနေ ၃၀၀ အကြားမှာ ရှိပါတယ်။

ရန်ကုန်မြို့နေလူထုအတွက် အိမ်ရာလိုအပ်ချက်က ၁ နှစ်ကို အခန်းပေါင်း ၂ သောင်းနဲ့ ၃ သောင်းကြားမှာ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013