DVB Logo
Home
မြန်မာသတင်း
တရားမ၀င်သစ်ခုတ်ရောင်းချမှုဖြင့် နိုင်ငံခြားသား ၁၀၀ ကျော် ဖမ်းဆီးအရေးယူ
DVB
·
January 6, 2015
တရားမ၀င်သစ်ခုတ်ရောင်းချမှုဖြင့် နိုင်ငံခြားသား ၁၀၀ ကျော် ဖမ်းဆီးအရေးယူ
Donate to DVB

ကချင်ပြည်နယ်ကနေ တရုတ်နိုင်ငံဘက်ကို တရားမ၀င် သစ်ခုတ်ရောင်းချမှုဖြင့် ဆက်နွှယ်ပြီး  တဖက်နိုင်ငံသား ၁၀၀ ကျော်အပါဝင် လူပေါင်း ၁၂၀ ကျော်ကို ဖမ်းဆီးအရေးယူထား တယ်လို့ စစ်တပ်ပိုင်မြ၀တီသတင်းမှာ ဖော်ပြပါတယ်။

9800_709348182515656_6245728840692043943_nဝိုင်းမော်မြို့နယ် ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန်ယန်၊ ဆဒုံးဒေသမှာ အဖိုးတန်သစ်တွေ တရားမဝင် ခုတ်ယူပြီး တဖက်နိုင်ငံကို ရောင်းချဖို့ ပြင်ဆင်ထားတာကို  တွေ့ရှိပြီး တပ်မတော်စစ်ကြောင်းတွေက ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ နယ်မြေရှင်းလင်းရာမှာ ဖမ်းမိခဲ့တာလို့ သတင်းက ဆိုပါတယ်။

ဖမ်းဆီးမိသူတွေထဲမှာ မြန်မာနိုင်ငံသား ၂၀နဲ့  တဖက် နိုင်ငံသား ၁၀၂ ဦး  စုစုပေါင်း ၁၂၂ ဦးကို တရားမဝင် သစ်ထုတ်ရာမှာ အသုံးပြုတဲ့ယာဉ် ၄၅၅ စီး၊ တရုတ်ယွမ်ငွေ ၁၂,ဝဝဝ နဲ့ မူးယစ်ဆေးဝါးတွေနဲ့ အတူ သိမ်းဆည်း ရမိခဲ့တာပါ။

ဖမ်းဆီးမိတဲ့ တဖက် နိုင်ငံသားတွေထံက ကေအိုင်အေ  စီးပွားရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဇောဘုတ်ထန်း လက်မှတ်ရေးထိုးထားတဲ့ သစ်ထုတ်လုပ်ခွင့်ပြုစာကိုလည်း သိမ်းဆည်း ရမိခဲ့တယ်လို့လည်း သတင်းမှာပါရှိပါတယ်။

ကေအိုင်အို သတင်းစုဆောင်းရေးနှင့်ဖြန့်ချိရေးကော်မတီက ဗိုလ်မှူးကြီးယော်ထုံက တော့ စစ်တပ်ကခုထုတ်ပြန်ထားတဲ့ သတင်းနဲ့ပတ်သက်လို့ တစုံတရာသိရှိခြင်းမရှိဘူးလို့ ပြောပါတယ်။

ကေအိုင်အိုထိပ်တန်း ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာကတော့ ကေအိုင်အိုအနေနဲ့ ကိုယ်တိုင် သစ်ထုတ်လုပ်တာမရှိပေမယ့် ဒေသဖွံ့ဖြိုးရေးအတွက် ပါမစ် ပေးတာရှိတယ်လို့ ဒီဗွီဘီကို အခုလို ပြောပါတယ်။

“တိုက်ရိုက်လုပ်တာတော့မရှိပါဘူး။ ဖြတ်သန်းမှုပေါ်မှာ သစ်သယ်တဲ့ကားတွေကို ဂိတ်တွေမှာ အခွန်ကောက်ခံတာတော့ရှိတာပေါ့။ တခါတလေ သူတို့အနေနဲ့ ပါမစ်ပေးတာမျိုးရှိတယ်။ ပါမစ်ပေးတယ်ဆိုတာကလည်း ဒီဒေသဖွံ့ဖြိုးရေးအတွက်ပေါ့လေ။ လမ်းလုပ်မယ်။ တံတားလုပ်မယ်ဆိုလို့ရှိရင်တော့ ငွေလိုတယ်လေ။ အဲခါကျတော့ ပါမစ်ပေးတာတခါတလေရှိတယ်။ အများအားဖြင့်ကတော့ အခွန်ကောက်ခံတာလောက်ပါ။ သူတို့ကိုယ်တိုင် သစ်တွေခုတ် တင်ပို့ရောင်းချတာတွေကတော့ သိပ်မရှိပါဘူး”

မြန်မာနိုင်ငံမှာ မနှစ် ဧပြီလကစပြီး သစ်အလုံးလိုက် ပြည်ပတင်ပို့မှုကို အစိုးရက တရားဝင် ပိတ်ပင်ထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013