DVB Logo
Home
မြန်မာသတင်း
စိတ်ကြွမူးယစ်ဆေးဝါးများ ကရင်ပြည်နယ်ခြားစောင့်တပ်ဖွဲ့ ဖမ်းဆီးရမိ
DVB
·
January 5, 2015
စိတ်ကြွမူးယစ်ဆေးဝါးများ ကရင်ပြည်နယ်ခြားစောင့်တပ်ဖွဲ့ ဖမ်းဆီးရမိ
Donate to DVB

ကရင်ပြည်နယ် မြ၀တီခရိုင် သင်္ကန်းညီနောင်မြို့နယ်ထဲမှာ စိတ်ကြွမူးယစ်ဆေးပြား ၁ သိန်းကျော် ဖမ်းဆီးရမိတယ်လို့ ကရင်နယ်ခြားစောင့်တပ်က ပြောပါတယ်။

Yar Baသင်္ကန်းညီနောင်မြို့နယ် ပေါလောသံပုရာကျေးရွာက သစ်ခွဲစက်ရုံတစ်ခုမှာ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ပြုလုပ်ကြောင်း ကြိုတင်သတင်းရရှိချက်အရ နယ်ခြားစောင့်တပ်ရင်း ၁၀၁၉ က ဗိုလ်ကြီးစောအပိုင် နဲ့ တပ်ဖွဲ့ဝင်တွေဟာ အဲဒီအိမ်ဝင်းကို ၀င်ရောက်စီးနင်းပြီး သစ်ဂိုဒေါင်ရုံထဲ ၀ှက်ထားတဲ့ စိတ်ကြွဆေးပြားတွေ ဖမ်းမိခဲ့တာလို့ နယ်ခြားစောင့်တပ် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး နိုင်မောင်ဇော်က ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ တပ်ရင်းမှူး ဗိုလ်မှူး စောချစ်သူရဲ့ ညွှန်ကြားချက်နဲ့ အဲဒီအိမ်ကို အရင်တပတ်က ၀င်ရောက်ဖမ်းဆီးခဲ့တာပါခင်ဗျ။ ပလပ်စတိတ်အိတ်မည်းထဲ ထည့်ထားတဲ့ ရာဘမြင်းဆေး အလုံးရေ ၁ သိန်း ၃ သောင်းကျော်ကို ဖမ်းမိပါတယ်။ ကျနော်တို့ နယ်မြေထဲမှာ မူးယစ်ဆေး ရောင်းဝယ်မှုတွေ သောက်စားမှုတွေ များတာကြောင့် စီမံချက်နဲ့လုပ်နေတာ။ ဒီမတိုင်ခင်ကလည်း ခဏခဏ မိတယ်။ ဒါပေမယ့် ခုလောက်မများပါဘူး။ ဒါက ၂၀၁၄ ခုနှစ်ထဲ အများဆုံးလို့ ဆိုရပါမယ်။”

အဲဒီနေ့က မူးယစ်ဆေးဝါးတွေနဲ့အတူ အသက် ၂၉ နှစ်ရွယ် စောတီးခေါင် ဆိုသူကိုလည်း ဖမ်းဆီးထားပြီး ဇန်န၀ါရီ ၂ ရက်နေ့က မြ၀တီခရိုင် မူးယစ်ရဲတပ်ဖွဲ့လက်ထဲ အပ်နှံခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စောတီးခေါင်ကတော့ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ သူ့ပစ္စည်းတွေမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ ခုလို မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး မြ၀တီခရိုင်ရဲတပ်ဖွဲ့ကို မေးမြန်းရာမှာတော့ တာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးက ပြောခွင့်မရှိကြောင်း ဒီဗွီဘီကို ဖြေကြားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013