DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာကို လာမည်
DVB
·
January 5, 2015
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာကို လာမည်
Donate to DVB

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ဇန်န၀ါရီ ၇-၁၆ ရက်အထိ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်မယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။

300x210xMiss-Yung-Hee-Lee-300x210.jpg.pagespeed.ic.3YKcSnQATLရခိုင်နဲ့ ရှမ်းပြည်နယ်က လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် ကောက်ခံသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ စခန်းတွေနဲ့ ရခိုင်က အခြေအနေကို သုံးသပ်သွားမှာ ဖြစ်ပါတယ်။ ပထမအကြိမ် ခရီးစဉ်အတွင်း ရင်ဆိုင်နေရတဲ့ အရေးပေါ်အခြေအနေ တိုးတက်မှု ရှိမရှိ အကဲဖြတ်သွားမှာ ဖြစ်ပါတယ်”လို့ ယန်ဟီးလီက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဒါအပြင် မျိုးစောင့်ဥပဒေ ၄ ရပ်နဲ့ ပတ်သတ်ပြီး လူ့အခွင့်အရေး အခြေအနေစိုးရိမ်ပူပန်မှုတွေကို အထူးအာရုံစိုက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ခရီးစဉ်အတွင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်နဲ့ ငြိမ်းချမ်းတည်ငြိမ်ရေးတိုးတက်မှုနဲ့ တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွေကို ဆွေးနွေးသွားမှာ ဖြစ်သလို ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှု တရပ်အဖြစ် လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ ဆိုပါတယ်။

ဒါအပြင်မီဒီယာနဲ့ အသင်းအဖွဲ့တွေရဲ့ လွတ်လပ်မှု မြေသိမ်းယာသိမ်းနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအပေါ် ဆန္ဒပြမှုတွေကို သုံးသပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မြန်မာလူ့အခွင့်အရေး အခြေအနေတွေကို ကြီးကြပ်အကြံပေးဖို့ ခန့်အပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကို ၂၀၁၄ ဇူလိုင်လက ပထမခရီးစဉ်အဖြစ် ယန်ဟီးလီက လာရောက်ခဲ့ပါတယ်။

ဒါအပြင် ရှေ့လာမယ့် ရွေးကောက်ပွဲ လွတ်လပ်တရားမျှတပြီး အားလုံးပါဝင်နိုင်ဖို့ အတွက် လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013