DVB Logo
Home
မြန်မာသတင်း
ချင်းတိုးတက်ရေးပါတီညီလာခံ ကလေးမြို့တွင် ကျင်းပမည်
DVB
·
January 5, 2015
ချင်းတိုးတက်ရေးပါတီညီလာခံ ကလေးမြို့တွင် ကျင်းပမည်
Donate to DVB

chin-stateချင်းတိုးတက်ရေးပါတီရဲ့ ဒုတိယညီလာခံကို လာမယ့် ဇန်န၀ါရီလ ၈ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ၃ ရက်တာကျင်းပမယ်လို့ ချင်းတိုးတက်ရေးပါတီဝင် ဦးကျွန်းခန်းက ပြောပါတယ်။

ဒီညီလာခံကို ကလေးမြို့ တာဟန်းရပ်ကွက်မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ချင်းပြည်နယ်က ပါတီဝင်တွေအပါအ၀င်  ကလေးမြို့နဲ့  တခြားဒေသက ချင်းတိုးတက်ရေးပါတီကိုယ်စားလှယ်တွေ တက်ရောက်မှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီညီလာခံမှာ ချင်းတိုးတက်ရေးပါတီရဲ့ လုပ်ငန်းစဉ်တွေ ပြန်လည်သုံးသပ်ပြီး ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးဖို့ရှိတယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ အဖြစ်အပျက်တွေ၊ အစီရင်ခံစာ နှီးနှောဖလှယ်မယ်။ ပြီးရင် ရှေ့လုပ်ငန်းစဉ် ဘယ်လို လုပ်မလဲဆိုတာ အဓိက ဆွေးနွေးမယ်။ ရွေးကောက်ပွဲကလည်း နီးနေပြီးဆိုတော့ ဘယ်လိုပုံစံနဲ့ ကျနော်တို့ကိုယ်စားလှယ်လောင်းတွေ မဲပြိုင်မလဲဆိုတာ ဆွေးနွေးချက်ထဲ ပါလိမ့်မယ်” လို့ ဦးကျွန်းခန်းက ပြောပါတယ်။

ချင်းတိုးတက်ရေးပါတီရဲ့ ပထမညီလာခံကို ၂၀၁၀ ဇူလိုင်လက ရန်ကုန်မြို့မှာ ကျင်းပခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013