DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်နေ့နှင့် မနောပွဲ စတင်ကျင်းပ
DVB
·
January 5, 2015
ကချင်ပြည်နယ်နေ့နှင့် မနောပွဲ စတင်ကျင်းပ
1 / 2
Donate to DVB

၃ နှစ်ကြာ ကျင်းပနိုင်ခြင်းမရှိတဲ့ မနောပွဲကို ကချင်ပြည်နယ် အစိုးရက ဇန်န၀ါရီ ၅ ရက်နေ့မှာ စတင် ကျင်းပနေပြီိလို့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက ပြောပါတယ်။

[caption id="attachment_76003" align="alignright" width="415"]10891761_744860895610066_7346963622393082524_n ဓာတ်ပုံ - Kachin Daily News[/caption]

ဇန်န၀ါရီ ၅-၁၁ ရက်နေ့ အထိ ၆၇ နှစ်ပြည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အဖြစ် မနောပွဲကို ကျင်းပတာ ဖြစ်သလို ဇန်န၀ါရီ ၈-၁၀ ရက်မှာတော့ မနောပွဲကို စကျင်းပမှာ ဖြစ်တယ်လို့ သူက ရှင်းပြ ပါတယ်။

မနက်ပိုင်းမှာ မနောပွဲကိုဝင်တဲ့ ဂိတ်တံခါးကို ကချင်အစိုးရ၊ မနောပွဲဖြစ်မြောက်ရေး ကော်မတီနဲ့ သိက္ခာ တော်ရဆရာတော်တွေက စုပေါင်း အပ်နှံဖွင့်လှစ်ခဲ့သလို မဂျွယ်ခန်းမမှာ သိက္ခာတော်ရ ဆရာတော် တွေနဲ့ ဘုရားရှိခိုးခဲ့တယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“တခုခု လုပ်တယ်ဆိုရင် ထောက်ခံသူတွေ ရှိသလို ကန့်ကွက်တဲ့သူတွေလည်း ရှိပါတယ်၊ ဒီမိုကရေစီ ခတ်မှာတော့ သဘောထားကွဲလွဲပိုင်ခွင့်ရှိပါတယ်။ ကချင်ပြည်နယ်နေ့ကို လွတ်လပ်ရေး မြတ်နိုးတဲ့ သူတိုင်းက ထောက်ခံတာပါဘဲ။ ဒီအစိုးရ သက်တမ်းက ၂၀၁၆ မတ် ဆိုရင်ပြီးပြီလေ။ ကချင်ပြည်နယ် အစိုးရရှိလာမှ ကချင် ပြည်နယ်နေ့ကို မလုပ်နိုင်ဘူးဆိုရင်တော့ ပုံရိပ်က သိပ်မကောင်းဘူး၊ အဲဒီတော့ ကျမတို့အနေနဲ့ ကြိုးစားရမှာပဲလေ” လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

ကချင်ပြည်နယ်နေ့နဲ့ အတူ မနောပွဲကျင်းပဖို့ ပြည်နယ်အစိုးရက စီစဉ်တာကို မနောပွဲကို မကျင်းပဖို့ ကနဦးက ဒေသခံတွေက ကန့်ကွက်ခဲ့ပြီး လူ ၈ ထောင် ကျော် လတ်မှတ်ရေးထိုးထားတဲ့ စာကို ပြည်နယ် ၀န်ကြီးချုပ်ထံကို ပေးပို့ခဲ့ပါတယ်။

10372212_917022048310908_3246385317937148832_nလတ်မှတ်ရေးထိုးကန့်ကွက်မှုကို ဦးဆောင်တဲ့ ဦးဂွမ်ဂျာနော်ကတော့ မနောပွဲ ကျင်းပနေတာနဲ့ ပတ်သက်ပြီး ပြည်သူက တင်မြောက်ထားတဲ့ အစိုးရဆိုရင် ပြည်သူ့အသံကို နားထောင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

“မြစ်ကြီးနားတခုတည်းမဟုတ်ဘူး၊ ၁၈ မြို့နယ်ကနေပြီး ပြည်သူလူထုတွေ ပေါင်းပြီး လတ်မှတ်တင် ထားတာကို အစိုးရက ထည့်သွင်းစဉ်းစားခြင်း မရှိဘူးလို့ ပြောချင်ပါတယ်” လို့ ဦးဂွမ်ဂျာနော်က ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့မှာတော့ ကန့်ကွက်တဲ့သူတွေကို ပြည်နယ် အစိုးရအဖွဲ့ မနောပွဲ ဖြစ်မြောက်ရေး အဖွဲ့တွေက တွေ့ဆုံခဲ့ပြီး မနောပွဲကို ဆက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ကချင်ပြည်နယ်မှာ မနောပွဲကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ နောက်ဆုံးကျင်းပခဲ့တာ ဖြစ်ပြီး အခုမှ ပြန်လည် ကျင်းပနိုင်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013