
တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးအဆောက်အအုံဖြစ်ပြီး ၆၃၂ မီတာ အမြင့်ရှိတဲ့ ရှန်ဟိုင်းမျှော်စင်ဟာ ဇူလိုင် ၁၁ ရက် မွန်းလွဲပိုင်းမှာ တိုင်ဖွန်းဘာဗီရဲ့ သက်ရောက်မှုကို ခံစားခဲ့ရပါတယ်။
မနေ့ညနေ ၄ နာရီလောက်မှာ အဆောက်အအုံရဲ့ တန်ချိန် ၁,၀၀၀ အလေးချိန်ရှိပြီး ချိန်ညှိထားတဲ့ ၅၈၃ မီတာ အမြင့်ရှိတဲ့ ဟန်ချက်ထိန်း ကိရိယာဟာ တိုင်ဖွန်းမုန်တိုင်း နီးကပ်လာတာနဲ့အမျှ ယိမ်းနွဲ့နေတာကို တွေ့ပါတယ်။
ရှန်ဟိုင်းမျှော်စင်အတွက် ချိန်ညှိထားတဲ့ ဟန်ချက်ထိန်း ကိရိယာဟာ ကမ္ဘာ့အလေးဆုံးပါ။ တန်ချိန် ၁.၀၀၀ အထိ အလေးချိန်ရှိတဲ့ လေတိုက်နှုန်းကို ခုခံပေးတဲ့ အထူး ကိရိယာဟာ လေတိုက်လို့ ဖြစ်လာတဲ့ မိုးမျှော်တိုက် တုန်ခါမှုကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
စနေနေ့နှောင်းပိုင်းမှာတော့ ဘာဗီမုန်တိုင်းဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ကမ်းရိုးတန်းမြို့ဖြစ်တဲ့ ထိုက်ကျိုးမြို့ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူပေါင်း ၂ သန်းနီးပါးကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်း ပေးခဲ့ရပါတယ်။မုန်တိုင်းကြောင့် သစ်ပင်တွေ အမြစ်ကနေ ကျွတ်ထွက်ပြီး လမ်းတွေ ရေလျှံခဲ့တာပါ။
ဂျပန်တောင်ပိုင်း ဆာကီရှီးမားကျွန်းစုကို တိုက်ခတ်ပြီး ထိုင်ဝမ်မြောက်ပိုင်းကို ဖြတ်ကျော် တိုက်ခတ်ခဲ့တဲ့ မုန်တိုင်း ဘာဗီဟာ အနောက်မြောက်လမ်းကြောင်းမှာ ဆက်နှေးကွေး အားပျော့နေပေမဲ့ စိုထိုင်းဆတွေ စုပုံနေလို့ အန္တရာယ်ကြီးမားနေဆဲပါ။
မုန်တိုင်းဧရိယာ အစကနေ အဆုံးအထိ ပြင်သစ်နိုင်ငံရဲ့ အရွယ်အစားလောက် ရှိနေပါတယ်။ ဘာဗီမုန်တိုင်းဟာ အဆင့် ၁ ဟာရီကိန်းမုန်တိုင်းနဲ့ ညီမျှပြီး အမြင့်ဆုံး လေတိုက်နှုန်းမှာ တနာရီကို ၁၄၄ ကီလိုမီတာ (တနာရီ မိုင် ၉၀) လောက်ရှိနေပါတယ်။
ဒေသစံတော်ချိန် ည ၁၁နာရီခွဲ လောက်မှာ တရုတ်ကုန်းမကြီးကို ဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ တရုတ် အမျိုးသားမိုးလေဝသဌာနက ကြေညာထားပါတယ်။
Source: Reuters










