DVB Logo
Home
မြန်မာသတင်း
AA သတင်းပေးဟု စွပ်စွဲပြီး လေးမျက်နှာက တောင်သူ ၅ ဦးကို စစ်တပ်က ဖမ်းဆီး 
DVB
·
June 21, 2026
လေးမျက်နှာမြို့နယ်က ဒေသခံ တောင်သူများ။ (Photo: Taw Win)
လေးမျက်နှာမြို့နယ်က ဒေသခံ တောင်သူများ။ (Photo: Taw Win)
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ ဒေသခံ တောင်သူ ၅ ယောက်ကို အာရက္ခတပ်တော် (AA) ရဲ့ သတင်းပေးတွေလို့ စွပ်စွဲပြီး စစ်တပ်ကဖမ်းဆီးသွားတယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့သူတွေဆီက သိရပါတယ်။ 

ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ လေးမျက်နှာမြို့နယ်၊ ကွင်းကြီးကျေးရွာအုပ်စု၊ အောင်ဇံကွင်းနဲ့ ဇီးပင်ကွင်းကျေးရွာက ဒေသခံတောင်သူ ၅ ယောက်ကို ဇွန် ၁၉ ရက် ညနေ ၅ နာရီလောက်မှာ စစ်တပ်က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ 

အဖမ်းခံရသူတွေနဲ့ နီးစပ်သူတယောက်က “အဖမ်းခံရတဲ့ ၅ ယောက်က သာမန်အရပ်သားတွေပါ။ တောင်သူတွေချည်းပဲ။ စစ်အာဏာရှင်တပ်က AA တပ်နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာ။ လယ်ကွင်းထဲမှာ ဖမ်းသွားတာ”လို့ ပြောပါတယ်။ 

သူတို့နဲ့ ဒီနေ့ ဇွန် ၂၁ ရက်အထိ အဆက်အသွယ်မရဖြစ်ပြီး စစ်အာဏာရှင်တပ်က ဒေသခံ အရပ်သားတွေကို အာရက္ခတပ်တော် (AA) တပ်သားလို့ စွပ်စွဲဖမ်းဆီးထားတာကြောင့် အကြောင်းမဲ့သတ်ဖြတ်ခံရမှာကို အဖမ်းခံရသူတွေနဲ့ ရင်းနှီးသူတွေက စိုးရိမ်နေကြပါတယ်။

စစ်တပ်နဲ့ နီးစပ်သူတယောက်က “AA တပ်သားတွေဆိုပြီး ဖမ်းတာ မှန်ပါတယ်။ ဒီ လေးမျက်နှာမြို့နယ်ဘက်မှာ ဖမ်းဆီးခံရတဲ့သူမှန်သမျှကို စစ်တပ်က တိုက်ရိုက်စစ်ဆေးနေတယ်လို့ သိရပါတယ်” လို့ ပြောပါတယ်။ 

အဖမ်းခံရသူတွေဟာ အသက် ၂၈ နှစ်အရွယ် မသင်းသင်းလှိုင်၊ ကိုဇော်မင်းနဲ့ နောက်ထပ်အမျိုးသား ၃ ယောက် ဖြစ်ပြီး စစ်တပ်က အရပ်သားဒေသခံတွေကို စတင်ဖမ်းဆီးစဉ်ကတည်းက ရိုက်နှက်၊ ခြေထောက်နဲ့ကန်ပြီး ဖမ်းဆီးခေါ်သွားတာလို့ မျက်မြင်တွေ့ရှိတဲ့သူတွေက ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013