DVB Logo
Home
မြန်မာသတင်း
တောင်သူဒေါ်ခင်ဝင်း အသတ်ခံရမှု တိုင်ချက်ဖွင့်ပေးရန် အထက်ကို တင်ပြမည်ဟု အကြောင်းပြန်
DVB
·
January 4, 2015
တောင်သူဒေါ်ခင်ဝင်း အသတ်ခံရမှု တိုင်ချက်ဖွင့်ပေးရန် အထက်ကို တင်ပြမည်ဟု အကြောင်းပြန်
Donate to DVB

လက်ပံတောင်းတောင်သူ ဒေါ်ခင်ဝင်း အသတ်ခံရမှုကို မိသားစုဝင်က ဆားလင်းကြီး ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ပြီး စခန်းက တိုင်ကြားစာကို လက်ခံထား ပေမယ့် တိုင်ချက်ဖွင့်ပေးဖို့ အထက်ကို တင်ပြအုန်းမယ်လို့ အကြောင်းပြန်လိုက်ပါတယ်။

[caption id="attachment_75941" align="alignright" width="446"]ဓာတ်ပုံ - နေသီဟ ဓာတ်ပုံ - နေသီဟ[/caption]

ဇန်န၀ါရီ ၃ ရက်မှာ မြန်မာနိုင်ငံရှေ့နေများကွန်ရက်က အမှုဆောင်အဖွဲ့ဟာ သေဆုံးသူ ဒေါ်ခင်ဝင်းနေအိမ်ကို သွားရောက်ခဲ့ပြီး ကာယကံရှင်တွေရဲ့ဆန္ဒအရ ရဲစန်းမှာ အမှုဖွင့် ခဲ့တာလို့ ရှေ့နေဦးသိန်းသန်းဦးက ပြောပါတယ်။

“ဒေါ်ခင်ဝင်းအိမ်ကို ကျနော်တို့သွားပြီး အတူနေမိသားစုတွေဖြစ်တဲ့ သမီး ၂ ယောက်နဲ့ ယောင်းမ ဒေါ်ခင်မာအေးတို့နဲ့ တွေ့ပါတယ်။ နောက် ဒဏ်ရာရတဲ့ ရွာသားတွေနဲ့ မျက်မြင်သက်သေအားလုံးနဲ့ တွေ့ပြီး ဓာတ်ပုံမှတ်တမ်းယူပါတယ်။ ဗီဒီယိုဖိုင်တွေ ကြည့်တဲ့အခါ ဒေါ်ခက်ဝင်းအသတ်ခံရတာ ထင်ရှားတဲ့အတွက် ကာယကံရှင်တွေဆနအရ ဆားလင်းကြီးရဲစခန်းမှာ အမှုသွားဖွင့်ပါတယ်။ ရဲစခန်းက စခန်းမှူး ဒုရဲမှူးဦးသန်းနိုင်က ရှေ့မှာ သေမှုသေခင်းနဲ့ တခါ အမှုဖွင့်ထားလို့ နောက်တခါ ထပ်ဖွင့်လို့ မရဘူးလို့ ငြင်းပါတယ်။ သေမှုသေခင်းဆိုတာက လူတယောက်သေတာ ဘာဖြစ်လို့ သေမှန်း မသိတဲ့အခါ စုံစမ်းစစ်ဆေးတဲ့ ရဲစစ်ဆေးမှုပေါ့။ အခုဟာက ဒေါ်ခင်ဝင်းက သေနတ်နဲ့ ပစ်သတ်လို့ အသတ်ခံရတာဖြစ်တယ်။ မျက်မြင်သက်သေ အပြည့်အစုံရှိတယ်။ ရဲ ဘယ်သူတွေ ပါတယ်။ အမိန့်ပေးတာ ဘယ်သူတွေလို့ မြင်တွေ့ထားတဲ့အတွက် ဒါဟာ ပထမသတင်းချက်ဖွင့်တာ ဖြစ်တယ်။ ဒီနှစ်ခု မတူပါဘူးလို့ ပြောတော့ ဒုရဲမှူးက သူ့အဆင့်နဲ့ ဒါကို ဆုံးဖြတ်မပေးနိုင်ပါဘူး။ ဥပဒေအကြံပေးလည်း တောင်းပါမယ်။ အထက်ကို တင်ပြပြီး အကြောင်းပြန်ပါမယ်လို့ ပြောပါတယ်။”

စစ်ကိုင်းတိုင်း နယ်စပ်လုံခြုံဝန်ကြီး၊ တိုင်း၊ ခရိုင်နဲ့ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့ကို တိုင်ချက်ဖွင့် ထားတာ ဖြစ်တယ်လို့လည်း ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။
တရုတ်ဝမ်ပေါင်ကုမ္ပဏီက ဒေသခံရွာသား ၇၀ကျော်ကို ခိုးမှု၊ အကျိုးဖျက်ဆီးမှုတို့နဲ့ ဆားလင်းကြီးရဲစခန်းမှာ အမှုဖွင့်ထားတာကို လက်ခံထားပြီး အခု ဒေါ်ခင်ဝင်း အသတ်ခံရမှုကို တိုင်ချက် ဖွင့်မပေးတဲ့အတွက် ခံပြင်းစရာကောင်းတယ်။ ဒါ့ကြောင့် ရှေ့နေများကွန်ရက်က လိုက်ပါကူညီဆောင်ရွက်ပေးနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကတော့ လက်ပံတောင်းအရေးမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ ပတ်သက်ပြီး သေမှုသေခင်းဖွင့် စုံစမ်းစစ်ဆေးနေတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ကော်မရှင်ဖွဲ့စည်း စစ်ဆေးနေသလို ဦးလှထွန်း ခေါင်းဆောင်တဲ့ လက်ပံတောင်းတောင်စီမံကိန်းလုပ်ငန်းကော်မတီကလည်း ကွင်းဆင်း စစ်ဆေးနေတယ်လို့ ဒီဗီဘီကို ပြောထားပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှာ လျော်ကြေးမယူထားတဲ့ လယ်ယာမြေတွေပေါ်မှာ ၀မ်ပေါင်ကုမ္ပဏီက  ခြံစည်းရိုးခတ်နေစဉ်  ဒေသခံလယ်သမား တွေက တားဆီးစဉ် ရဲတပ်ဖွဲနှင့် လက်ပတောင်းဒေသခံများကြား အဓိကရုဏ်းမှာ မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013