DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်မြို့တွင် အုပ်စုလိုက် ဓားပြတိုက်မှု ဖြစ်ပွား
DVB
·
January 4, 2015
မော်လမြိုင်မြို့တွင် အုပ်စုလိုက် ဓားပြတိုက်မှု ဖြစ်ပွား
Donate to DVB

1472942_10202558242237439_8511776389648897896_nမွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြီးအနီးက ဖက်တန်းရပ်ကွက် ပဲဆီရုံလမ်းရှိ အိမ်အမှတ် ၁၂ မှာ ဇန်န၀ါရီ ၃ ရက်နေ့ ညနေ ၄ နာရီကျော်လောက်မှာ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပါတယ်။

အခင်းဖြစ်ပွားချိန်မှာတော့ တရားခံက သေနတ်တချက်ပစ်ဖောက်ခဲ့ပေမယ့် အိမ်ရှင်မိသားစု တွေနဲ့ အိမ်နီးနားချင်းပတ်ဝန်းကျင်တွေက ၀ိုင်းဝန်းလုံးထွေးပြီး ဖမ်းဆီးလိုက်တဲ့အတွက် သေနတ်နဲ့အတူဖမ်းဆီးနိုင်ခဲ့ပါတယ်။

ခုချိန်မှာတော့ ဓားပြတိုက်ခဲ့တဲ့ တရားခံကို ၀ိုင်း ၀န်းဖမ်းဆီးစဉ်ကရရှိခဲ့တဲ့ ဒဏ်ရာတွေ ကြောင့် မော်လမြိုင်ပြည်သူဆေးရုံမှာ ဆေးရုံတင်ထားရပြီး၊ မြို့မ ရဲစခန်းက တရားခံနဲ့ မိသားစုဝင်တွေကို ခုည ၇ နာရီချိန်ထိ စစ်ဆေးနေဆဲပါ။

အခင်းဖြစ်ပွားချိန်မှာ တရားခံနဲ့အတူ အပြင်မှာ ဆိုင်ကယ်နဲ့ ရပ်စောင့်နေတဲ့ပေါင်းအပါ ၂ ယောက်လောက် ထွက်ပြေးသွားတယ်လို့ အိမ်နီးနားချင်းတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013