DVB Logo
Home
မြန်မာသတင်း
လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗိုလ်ရှုသဘင် အခမ်းအနား နေပြည်တော်တွင် ကျင်းပ
DVB
·
January 4, 2015
လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗိုလ်ရှုသဘင် အခမ်းအနား နေပြည်တော်တွင် ကျင်းပ
1 / 10
Donate to DVB

ဒီကနေ့ ဇန်န၀ါရီ ၄ ရက်နေ့မှာကြရောက်တဲ့ ၆၇ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဗိုလ်ရှုသဘင် အခမ်းအနားကို နေပြည်တော်မှာ ကျင်းပ ပြုလုပ်နေပါတယ်။

နှစ်ပေါင်း ၅၀ ကျော်ကြာမှာ ပြန်လည် ကျင်းပတဲ့နိုင်တဲ့ ဗိုလ်ရှုသဘင် အခမ်းအနားမှာ နိုင်ငံတော် သမ္မတကို တပ်မတော် ကြည်း၊ ရေ၊ လေ စစ်ကြောင်းတွေက ချီတက် အလေးပြု ရမှာ ဖြစ်ပါတယ်။

ဒီအခမ်းအနားကို အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ကို ဖိတ်ကြားထားပြီး ကေအန်ယူနဲ့ တခြားတိုင်းရင်းသားအဖွဲ့ တော်တော်များများ တက်ရောက် နေပေမယ့် အေအိုင်အို (ကချင်လွတ်လပ်ရေးအဖွဲ့)၊ ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (ကေအန်ပီပီ)နဲ့ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)တို့ကတော့ တက်ရောက်ခြင်း မရှိပါဘူး။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေဟာ ဒီကနေ့မှာပဲ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ သီးသန့်တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ တွေ့ဆုံတဲ့အခါမှာ နိုင်ငံရေးအရ တွေ့ဆုံ အဖြေရှာနိုင်လိမ့်မယ်လို့ ယူဆယ်ကြောင်း ပအို့ဝ် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ခွန်ဥက္ကာက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ခွန်ထွန်းဦးတို့ကတော့ ကြိုတင်ပြောထားတဲ့အတိုင်းပဲ ဗိုလ်ရှုသဘင် အခမ်းအနားကို တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
[gallery ids="75906,75907,75908,75909,75910,75911,75912,75913,75914,75915"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013