
အမေရိကန်နဲ့ အီရန် စစ်ရေးတင်းမာနေချိန်မှာ နစ်မစ်ဇ်အတန်းအစား လေယာဉ်တင်သင်္ဘော USS ဂျော့ချ် H.W. ဘုရှ် လေယာဉ်တင်သင်္ဘောကနေ သြဂုတ် ၁၆ ရက်မှာ ညပိုင်း စစ်လေယာဉ်တွေ ပျံသန်းမှု စစ်ဆင်ရေးကို လေ့ကျင့် ဆောင်ရွက်ခဲ့ပါတယ်။
ဒီလေယာဉ်တင်သင်္ဘောဟာ အရှေ့အလယ်ပိုင်းက ရေကြောင်းလုံခြုံရေးနဲ့ တည်ငြိမ်ရေးကို ပံ့ပိုးပေးဖို့ အမေရိကန် အမှတ် ၅ ရေတပ် စစ်ဆင်ရေးနယ်မြေမှာ တပ်စွဲထားတယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်အစိုးရကို အလွန်ဆိုးဆိုးရွားရွား ပြစ်တင်ရှုတ်ချခဲ့ပြီး စစ်ပွဲရဲ့ရလဒ်အဖြစ် လောင်စာဆီဈေးနှုန်းတွေ ဆက်ပြီးမြင့်တက်လာမဲ့ အခြေအနေအတွက် ပြင်ဆင်ထားဖို့ အမေရိကန်နိုင်ငံသားတွေကို ပြောပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆီ ဦးတည်တိုးတက်မှုနဲ့ မဟာဗျူဟာကျတဲ့ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ပြီး ရေနံတင်သင်္ဘောတွေ သွားလာမှုတို့ ရပ်တန့်နေဆဲပါ။
ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့တဲ့ အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ရဲ့ ပဋိပက္ခအဆုံးသတ်ဖို့ အရိပ်အယောင်ကို နှစ်နိုင်ငံ စစ်ဘက်အဖွဲ့အစည်းတွေ မပြသသေးပါဘူး။
Source: Reuters











