DVB Logo
Home
မြန်မာသတင်း
ကေအန်ယူအဖွဲ့ ဗိုလ်ရှုသဘင် အခမ်းအနား တက်ရောက်မည်
DVB
·
January 2, 2015
ကေအန်ယူအဖွဲ့ ဗိုလ်ရှုသဘင် အခမ်းအနား တက်ရောက်မည်
Donate to DVB

အစိုးရကလုပ်မယ့် နေပြည်တော်ဗိုလ်ရှုသဘင်အခမ်းအနားကို ရှိရှိသမျှ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထံ နာမည်တပ်ပြီးဖိတ်ကြားထားပါတယ်။

[caption id="attachment_75413" align="alignright" width="513"]ဇန်န၀ါရီလ ၄ ရက်နေ့ ဗိုလ်ရှုသဘင်အခမ်းအနား အတွက် အစမ်းလေ့ကျင့်နေစဉ် ဇန်န၀ါရီလ ၄ ရက်နေ့ ဗိုလ်ရှုသဘင်အခမ်းအနား အတွက် အစမ်းလေ့ကျင့်နေစဉ်[/caption]

ဇန်န၀ါရီ ၄ ရက်၊ လွတ်လပ်ရေးနေ့မှာပြုလုပ်မယ့် ဗိုလ်ရှုသဘင်အခမ်းအနားကို အစိုးရနဲ့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရော လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေကိုပါ ဖိတ်ကြားထားတာဖြစ်ပြီး ဗိုလ်ရှုသဘင်အခမ်းအနား ကြည့်ရုံသက်သက်မဟုတ်ဘဲ သမ္မတနဲ့ တွေ့ဖို့ရှိတဲ့အကြောင်း အခမ်းအနားတက်မယ့် ကေအန်ယူအဖွဲ့ အထွေထွေအတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်းက ပြောပါတယ်။

“ကျနော်တို့ ကေအန်ယူက ဥက္ကဋ္ဌ ဖဒိုမူတူးစေးဖို ကျနော်နဲ့ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ဂျော်နီရယ် ၃ ယောက်ဖိတ်တယ်။ ၃ ယောက်စလုံး တက်မယ်။ တဖွဲ့မှာ ဘယ်နှစ်ယောက်ဆိုပြီး နာမည်ရေးပြီးတော့ ဖိတ်တာ။ ထိုင်ကြည့်ရုံသက်သက်ကတော့ တီဗီထဲ ထိုင်ကြည့်လည်း ရတာပဲဗျ။ အခုဟာက ကျနော်ကြားသိရသလောက် အခမ်းအနားပြီးလို့ရှိရင် သမ္မတနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဖို့ အစီအစဉ်ရှိတယ်။”

အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ ဗိုလ်ရှုသဘင်အခမ်းအနားကို မဏ္ဍိုင်ကြီး ၃ ရပ်က အကြီးအကဲတွေ၊ တပ်မတော်အရာရှိကြီးတွေ၊ လွှတ်တော်နှစ်ရပ်က ရေးရာကော်မတီ ကော်မရှင်ဥက္ကဋ္ဌတွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့က ခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကေအိုင်အို ကေအိုင်အေနဲ့ တီအန်အယ်အေခေါင်းဆောင်တွေ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကိုလည်း ဖိတ်ထားတယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ဗိုလ်ရှုသဘင် အကြောင်းပြုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေး ယုံကြည်မှု တည် ဆောက်လိမ့် မယ်လို့ သုံးသပ်ပြောကြားပါတယ်။

“ဗိုလ်ရှုသဘင်အကြောင်းပြုပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ကြား ပြီးတော့ နိုင်ငံရေးယုံကြည်မှုရအောင် တည်ဆောက်လိမ့်မယ်လို့ ကျနော်တွက်မိပါတယ်။ လာကြမယ်ဆိုရင်ပေါ့လေ။ နောက်တခုက ဒီတိုင်းပြည်ဟာ အားလုံးနဲ့ ပတ်သက်တဲ့ တိုင်းပြည် အချုပ်အချာအာဏာကလည်းပဲ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ လည်းပိုင်တဲ့ အချုပ်အချာအာဏာ ဖြစ်တယ်ဆိုတာလည်း သက်ဝင်သွားအောင် နိုင်ငံရေး အဓိပ္ပါယ်ရှိအောင် လုပ်လိမ့်မယ်လို့ ထင်တယ်လေ။ နိုင်ငံ့ခေါင်းဆောင်တွေ ဆုံစည်းတဲ့ပွဲဖြစ် အောင် လုပ်လိမ့်မယ်လို့ တွက်ဆမိပါတယ်။”

ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့က အဖွဲ့ရဲ့ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလနဲ့ အဖွဲ့ဝင် ဗိုလ်မှူးကြီး စိုင်းခမ်းစမ်တို့ ဗိုလ်ရှုသဘင်အခမ်းအနားတက်ရောက်မယ်လို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်း ရေးကောင်စီ) က စစ်ရေးချုပ်နဲ့ စစ်ထောက်ချုပ် ဗိုလ်ချုပ်ယဉ်နု တက်ရောက်မယ်လို့ ရုံးအဖွဲ့က ပြောပါတယ်။

နှစ် ၅၀ ကျော် တိမ်မြှုပ်နေတဲ့ ကောင်းမြတ်တဲ့ အစဉ်အလာတရပ်ကို ပြန်လည်ဖော်ထုတ်တဲ့ အနေနဲ့ ဗိုလ်ရှုသဘင်အခမ်းအနား ကျင်းပပြုလုပ်မှာလို့ အစိုးရက သတင်းထုတ်ပြန် ထားပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013