DVB Logo
Home
နိုင်ငံရေး
ဗိုလ်ရှုသဘင်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် မဟုတ်
DVB
·
January 2, 2015
ဗိုလ်ရှုသဘင်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် မဟုတ်
Donate to DVB

DASSK Specch 67MartyrDayပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေး တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်န၀ါရီ ၄ ရက်လွတ်လပ်ရေးနေ့ နေပြည်တော်မှာ ပြုလုပ်ကျင်းပမယ့် ဗိုလ်ရှုသဘင်အခမ်းအနားကို တက်ရောက်မှာ မဟုတ်ဘူး လို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်မယ့် လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ရောက်မှာဖြစ်တယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။

အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ ဗိုလ်ရှုသဘင်အခမ်းအနားကို မဏ္ဍိုင်ကြီး ၃ ရပ်က အကြီးအကဲတွေ၊ တပ်မတော်အရာရှိကြီးတွေ၊ လွှတ်တော်နှစ်ရပ်က ရေးရာကော်မတီ ကော်မရှင်ဥက္ကဋ္ဌတွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့က ခေါင်းဆောင်တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

ဦးခွန်ထွန်းဦး ခေါင်းဆောင်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကလည်း နေပြည်တော် ဗိုလ်ရှုသဘင်အခမ်းအနားကို တက်ရောက်မှာမဟုတ်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။ ပါတီပြောခွင့်ရသူ ဦးစိုင်းညွန့်လွင်က “ကျနော်တို့က အကုန်လုံးက ခရီးစဉ် ပြည့်နေတယ်။ ကျနော်တို့ကတော့ သွားဖြစ်မယ်မထင်ဘူး။ အကြောင်းပြန်လိုက်ပြီ။ SNLD အနေနဲ့တော့ ဘယ်သူမှ မသွားတော့ဘူး” လို့ ပြောပါတယ်။

ဗိုလ်ရှုသဘင်အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ မဟုတ်ပေမယ့် လွတ်လပ်ရေးနေ့ ညစာစားပွဲကိုတော့ အန်အယ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန် တက်ရောက်မှာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013