DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတရားလွှတ်တော်ပေါ် သုံးရောင်ခြယ်အလံ လဲလှယ်တပ်ဆင်သူကို တရားစွဲ
DVB
·
January 2, 2015
ရန်ကုန်တိုင်းတရားလွှတ်တော်ပေါ် သုံးရောင်ခြယ်အလံ လဲလှယ်တပ်ဆင်သူကို တရားစွဲ
Donate to DVB

3colorFlag01012015ရန်ကုန်တိုင်း တရားလွှတ်တော်ပေါ် သုံးရောင်ခြယ်အလံ လွှင့်ထူမှုအတွက် လဲလှယ် တပ်ဆင်ခဲ့သူကို ဥပဒေအရ အရေးယူပေးဖို့ ရန်ကုန်တိုင်း တရားရေး ဦးစီးမှုရုံး စီမံ ထောက်ပံ့ဌာန ဒုညွှန်ကြားရေးမှူး အဆင့်ရှိသူက ကျောက်တံတား ရဲစခန်းမှာ ဇန်န၀ါရီလ ၁ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။

ဇန်န၀ါရီ ၁ ရက်နေ့က နေ့လည် ၂ နာရီခွဲလောက်က ရန်ကုန်ုတိုင်း တရားလွှတ်တော် အဆောက်အဦပေါ်မှာ လွတ်လပ်ရေး တိုက်ပွဲဝင် သုံးရောင်ခြယ် ဒေါင်းအလံကို လွှင့်တင်ထားတာကို ထူးထူးခြားခြား မြင်တွေ့ခဲ့ရပါတယ်။

အလံလွှင့်တဲ့ အကြောင်းရင်းကို မသိရပေမယ့် ပြည်သူအများ သတိပြုမိခဲ့ကြပြီး နာရီဝက်လောက် အကြာမှာတော့ အလံကို ဖြုတ်ချသွားခဲ့ပါတယ်။

သုံးရောင်ခြယ်အလံ လွှင့်ထူထားတုန်းမှာ အနီးက မြို့တော် ခန်းမရှေ့မှာ လက်ပံတောင်း အရေးမှာ အကြမ်းဖက် ဖြေရှင်းခဲ့မှုကို ဖော်ထုတ်အရေးယူပေးဖို့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို ဆန္ဒထုတ်ဖော်နေချိန် ဖြစ်တဲ့အတွက် ပြည်သူအများကြားမှာ သတိပြုမိခဲ့ကြပါတယ်။

ရန်ကုန်တိုင်းတရားလွှတ်တော်ပေါ် သုံးရောင်ခြယ်အလံ လဲလှယ်တပ်ဆင်သူကို နိုင်ငံတော်အလံဥပဒေ ပုဒ်မ ၁၆၊ ပ ၃/၂၀၁၅ နဲ့ အမှုဖွင့်ထားတယ်လို့ ကျောက်တံတားရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013