DVB Logo
Home
မြန်မာသတင်း
ဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီး ၀ိုင်းဝန်းထိန်းသိမ်းရမယ်- ဘာသာကြီးလေးခု
DVB
·
January 1, 2015
ဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီး ၀ိုင်းဝန်းထိန်းသိမ်းရမယ်- ဘာသာကြီးလေးခု
Donate to DVB

လွန်ခဲ့တဲ့နှစ်ပိုင်းတွေ လူမျိုးရေးဆန်ဆန်၊ ဘာသာရေးဆန်ဆန် အဓိကရုဏ်းမျိုးတွေ ကူးစက်ဖြစ်ပွားခဲ့မှုဟာ  ဥပဒေနဲ့အညီကိုင်တွယ်တာ အားနည်းသလို နိုင်ငံရေး အမြတ်ထုတ်တဲ့ လက်ရာတွေ မကင်းဘူးလို့ ဘာသာပေါင်းစုံညီညွတ်ရေး ကြိုးပမ်းနေသူတွေက ပြောပါတယ်။ အလားတူအဖြစ်ဆိုးမျိုးတွေ ရှောင်ကြဉ်နိုင်အောင် ဘာသာတခုနဲ့တခုအကြား ပုတ်ခတ်ဝေဖန်မှုတွေ၊ အမုန်းစကားပြောဆိုမှုတွေကိုလည်း ရှောင်ကြည်သင့်တယ်လို့ သူတို့က ပြောပါတယ်။

[caption id="attachment_37805" align="alignright" width="417"]၂၀၁၃ မတ်လ ၂၃ ရက်နေ့က မိတ္ထီလာပဋိပက္ခအတွင်း အပျက်အစီးများ မြင်တွေ့ရစဉ် ၂၀၁၃ မတ်လ ၂၃ ရက်နေ့က မိတ္ထီလာပဋိပက္ခအတွင် အပျက်အစီးများ မြင်တွေ့ရစဉ်[/caption]

ဘာသာပေါင်းစုံချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် (ဗုဒ္ဓဘာသာ)

“ဘာသာနဲ့ဆိုင်ပြီးတော့ ဖြစ်တယ်လို့ ကျနော် လက်မခံဘူး။ ပဋိပက္ခဖြစ်တာသည် တယောက်နဲ့တယောက်ရဲ့ ဥပဒေကြောင်းအရ ရင်ဆိုင်ရမယ့် ပြဿနာ၊ အဲဒါကို မလိုလားအပ်တဲ့သူတွေကနေပြီးတော့ ဘာသာရေးပုံစံ ဖော်ပြီးတော့မှ ကုလားနဲ့ ဗမာအဓိကရုဏ်း၊ အစ္စလာမ်နဲ့ ဗုဒ္ဓဘာသာအဓိကရုဏ်း ပုံစံပြောင်းတာ။ ဒါက တိုင်းပြည်ကို ဆူပူအောင်လုပ်ချင်တဲ့သူတွေရဲ့ အာဘော်ပဲ။ ကျနော်တို့ကတော့ ဒါ လက်မခံဘူး။ လူတစ်ယောက်က လူတစ်ယောက်ကို မုဒိမ်းမှုဖြစ်တဲ့အတွက် Criminal (ရာဇ၀တ်မှု ကျူးလွန်သူ)  အရပဲ အရေးယူရမယ်။ အဲလိုကျနော်တို့ လက်ခံထားပါတယ်။  Criminal အရ အရေးမယူဘဲနဲ့ ဒါသည် ကုလားကနေပြီးတော့ ဗမာကို မုဒိမ်းကျင့်တယ်ဆိုပြီးတော့ လုပ်တာသည် ဒါက ကျနော်တို့ ဘေးပယောဂတွေ ၀င်လာပြီး ဆူပူအောင်လုပ်တဲ့သဘောပဲ။ ဒါကြောင့် Criminal ကို Criminal နဲ့ လုပ်ပါ။ ပြီးရင် အဖြစ်မှန်ကို ဖော်ထုတ်ပါ။ ပြီးလို့ရှိရင် ရိုးရိုးသားသားနဲ့ ပြည်သူတွေကို အဲဒီဖြစ်နေတဲ့အဖြစ်မှန်ကို သိအောင်လုပ်ပါ။ မီဒီယာကနေပြီးတော့ ကျနော်တို့ ပိုပြီးတော့ ဆူပူလှုပ်ရှားလာအောင်မလုပ်ဘဲ အဖြစ်မှန်ကိုပဲ ပြည်သူကို တင်ပြပါ။ ဒါတွေကျနော်တို့ ပြောနေတဲ့သဘောပါပဲ။

“ဘာသာရေးနဲ့ပြဿ   နာမဖြစ်ဘူးဆိုရင် ဘာသာအသီးသီးရဲ့ သာသနာ့ခေါင်းဆောင်တွေသည် မိမိရဲ့ဘာသာဝင်တွေကို ဥပဒေအတွင်းမှာပဲ ငြိမ်းချမ်းစွာနေထိုင်ပြီးတော့ ဥပဒေအတွင်းကပဲ လိုအပ်ချက်တွေကို ဆောင်ရွက်ကြဖို့  နံပါတ် ၁။ နံပါတ် ၂ ကတော့ အခြားအခြားသော လူတွေကနေပြီးတော့ စည်းရုံးသိမ်းသွင်းတဲ့ ဥပဒေမဲ့လုပ်ရပ်တွေထဲမှာ ပါမသွားဖို့အတွက် ကိုယ့်လူတွေ ကိုယ်ထိန်းသိမ်းဖို့။ နံပါတ် ၃ ကတော့ hate speech (အမုန်းစကားပြောကြားခြင်း) တွေကို အပြန်အလှန်မပြောကြဖို့။ ဒီ ၃ ချက်ကို လုပ်လို့ရှိရင်တော့ တော်တော်တန်တန်တော့ အေးချမ်းမှာပါ။”

အစ္စလာမ်ကောင်စီ အတွင်းရေးမှူးချုပ် ဦးတင်မောင်သန်း (အစ္စလာမ်ဘာသာ)

“ဒီဖြစ်ရပ်ကြောင့် အများကြီးနစ်နာပါတယ်ဗျာ။ အိုးမဲ့အိမ်မဲ့ လူသိန်းနဲ့ချီဖြစ်ကုန်တယ်။ ကျနော်ရခိုင်ကော်မရှင်မှာပါတော့ ရခိုင်ကို ရောက်တယ်လေ။ ရခိုင်ပြည်နယ်ထဲမှာဆိုရင် ဒီဒုက္ခသည်အားလုံးက သိန်းဂဏန်းရှိပါတယ်။ အခုအချိန်ထိ သူတို့ နေရတာ၊ စားရသောက်ရတာ တော်တော့်ကို ချို့ချို့တဲ့တဲ့နဲ့ ရောဂါပေါင်းစုံဖြစ်၊ ဆေးဝါးကုသမှုခံလို့မရ ထိုနည်းတူ မိတ္ထီလာမှာလည်း အခုချိန်ထိ ဒုက္ခသည်စခန်းမှာ လူရှိနေသေးတယ်။ သူတို့နေရာ သူတို့ ပြန်မရတာတွေ ရှိသေးတယ်။ ဒီလို ထိခိုက်မှုကတော့ တဦးချင်းတင်မကဘဲ နိုင်ငံတော်အနေနဲ့လည်း ဒီဒုက္ခသည်တွေကို နိုင်ငံတော်က တာဝန်ယူ ကျွေးနေရတဲ့အတွက်ကြောင့် နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေလည်း ထိခိုက်တာပေါ့နော်။ နောက်ပြီးတော့ ကမ္ဘာ့အလည်မှာလည်းပဲ မြန်မာပြည်ရဲ့ပုံရိပ်ပေါ့နော်။ ဒီ ငွေရေးကြေးရေး ကုန်ကျတာထက် ပိုပြီးတန်ဘိုးရှိတဲ့ ကိုယ့်နိုင်ငံရဲ့ပုံရိပ်ထိခိုက်တာကတော့ အဆိုးဆုံးပေါ့ဗျာ။ လက်ရှိဖြစ်နေတဲ့ လူမျိုးရေးဆန်ဆန်၊ ဘာသာရေးဆန်ဆန် အကြမ်းဖက်မှုတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ လက်ရှိအစိုးရကနေပြီးတော့ ဒါကို နိုင်ငံရေး အမြတ်ထုတ်ချင်တဲ့ပုံစံမျိုးနဲ့ တဖက်ကနေ လွှတ်ပေးထားတယ်၊ ထိထိရောက်ရောက် မဖြေရှင်းဘူးလို့ ကျနော်ယူဆတယ်။ မနှစ်က တနှစ်က ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ ၂၀၁၅ မှာ မဖြစ်ဖို့အတွက်က ဒီဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီးတော့ ကျနော်တို့အားလုံးက ၀ိုင်းဝန်းထိန်းသိမ်းရမယ်။ အထူးသဖြင့် အစိုးရပိုင်းကနေ တိတိကျကျ ဥပဒေနဲ့အညီ ဖြေရှင်းရမယ်။ ကြပ်မတ်ရမယ်။ အဲဒီလို ကြပ်မတ်မယ်ဆိုရင် ပြည်သူလူထုကလည်း အသိစိတ်ရှိရှိနဲ့ ၀ိုင်းဝန်းထိန်းသိမ်းမယ်ဆိုရင် ဒီလို အခြေအနေမျိုးတွေ ထပ်ဖြစ်လာစရာ မရှိပါဘူး။

ဘာသာရေးခေါင်းဆောင် ဒေါက်တာဦးလှထွန်း (ဟိန္ဒူ ဘာသာ)

“အမှန်တကယ်က ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကွဲပြီးတော့ ဘာသာရေးလည်း ပြောလို့မရဘူး။ ဒါက လူမျိုးနည်းစုနဲ့ ဘာသာရေးနဲ့ ရောထွေးနေတယ်။ ဘာသာရေး ဆိုတာက ဘာသာရေးလို့ ပြောလိုက်ရင် မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ဘာသာရေးပဋိပက္ခတွေ ဖြစ်သွားနိုင်တယ်။ ဒါ ဘာသာရေးမဟုတ်ဘူး ဒေသတခုနဲ့ အဲဒီမှာရှိနေတဲ့ ဘာသာဝင်လူမျိုးစုနဲ့ကြားမှာဖြစ်တဲ့ ကိစ္စပဲဖြစ်တယ်။ သို့သော် ဒီထဲမှာ တချို့ဘာသာရေးကို ခုတုံးလုပ်ပြီးတော့ လုပ်နေတဲ့လူလည်းရှိတယ်လို့ အပြင်ကနေကြည့်လို့ရှိရင် တွေ့ရလိမ့်မယ်။ ဆိုတော့ ကျနော့်အနေနဲ့ ဟို ဘာသာရေးလို့။ ဘာသာရေးဆိုတာက ကျယ်ပြန့်တဲ့ ခံယူမှုတခုဖြစ်တယ်။ အဲဒီပေါ်မှာ ဘာသာရေးပဋိပက္ခလို စကားလုံးမျိုး သုံးခြင်းကို ကျနော်က Feel မဖြစ်ဘူး။”

“ဒီလိုအဖြစ်အပျက်မျိုးတွေ ထပ်မံမဖြစ်ပွားအောင် ဘာသာပေါင်းစုံ ညီညွတ်ရေးတို့။ အချင်းချင်းမှာ အပြန်အလှန် သွားတာလာတာ၊ ထိတွေ့တာတို့ များများလုပ်လေလေ ကောင်းလေပဲလို့ ကျနော်ကတော့ မြင်တယ်။ ဘာသာတခုနဲ့တခု တွေ့တာရယ် ထိုင်ပြီးဆွေးနွေးတာရယ်မရှိတော့ ဒီလိုဟာမျိုး ဖြစ်တတ်တယ်။ ဒါက အောက်ခြေအထိ Grassroot အထိ ဘာသာပေါင်းစုံလုပ်ရင်တော့ ဒီကိစ္စတွေကတော့ တော်တော်လေးကို ထိန်းသွားမှာဖြစ်ပါတယ်လို့ ယုံကြည်တယ်။ ဒီဘက်မှာကျတော့ မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံညီညွတ်ရေးအဖွဲ့တို့ ဒီဟာနဲ့ပတ်သက်ပြီးတော့ အောက်ခြေအထိကို လုပ်ကြဖို့လို့ ကြိုးစားနေတဲ့လုပ်ငန်းလည်း စနေပြီ ဒီပေါ်မှာလေ။ ဒီလိုပဲ တယောက်နဲ့ တယောက် ထိတွေ့ခြင်းဟာ ပဋိပက္ခတွေကို ကာကွယ်လို့ရတယ်။ ဘာသာဆိုတာက တဖက်မှာရှိသော်လည်း အဓိက ဘာသာမဟုတ်ဘဲ လူတွေရဲ့မိမိဆန္ဒပါလာတယ်၊ ကိုယ်စွဲပါလာတယ်၊ လူမျိုးနွယ်စုစွဲပါလာတယ်၊ ဘာသာရေးစွဲပါလာတယ် အဲဒီမှာကျတော့ ပြဿ   နာပေါ်လာတယ်။ အဲဒါမဟုတ်ဘဲနဲ့ ဘာသာရေးခေါင်းဆောင်တွေက တိုင်ပင်တာတို့ ဆွေးနွေးတာတို့ ဒါ အကောင်းဆုံးနည်းပဲ။”

သိက္ခာတော်ရဆရာတော် စောမက်သယူးအေး (ခရစ်ယာန်ဘာသာ)

ဘာသာရေးစကားနဲ့ပြောရမယ်ဆိုရင် မေတ္တာတရားပေါ့နော် ဘယ်လိုခေါ်မလဲ နက်နက်ရှိုင်းရှိုင်း မရှိကြလို့ပေါ့နော်။ သူ့ဘာသာ၊ ကိုယ့်ဘာသာ စွဲနေကြတဲ့အတွက် အဓိက ဖြစ်ရတာပေါ့။ ဘာသာတခုနဲ့တခု နားလည်မှုရှိကြဖို့ပါပဲ။ အဓိကကတော့ အပေးအယူ မျှဖို့ပေါ့နော်။ ဘာသာတခုနဲ့တခု မပုပ်ခတ်ပဲနေကြလို့ရှိရင် အကောင်းဘက်တော့ ဦးတည်တာပေါ့ ပဋိပက္ခမဖြစ်အောင်ဆိုရင်တော့ ဘာသာတခုနဲ့တခုက မပုပ်ခတ် မပြစ်တင်ဘဲ ကိုယ့်ဘာသာအလိုက်ပဲ သွားမယ်ဆိုရင်တော့ ငြိမ်းချမ်းတဲ့ လမ်းကြောင်းတခုပေါ်တော့ လျှောက်နိုင်မယ်လို့တော့ ယူဆတယ်လေ။

ဒီမှာရှိနေကြတဲ့၊ မြန်မာပြည်မှာရှိနေကြတဲ့ ဘာသာပေါင်းစုံပေါ့နော်။ ဘာသာပေါင်းစုံ အားလုံးက ညီညီညွတ်ညွတ်နဲ့ မေတ္တာတရားရှေ့ထားပြီးတော့ ကိုယ့်ရဲ့ ဘာသာအကျိုး၊ ကိုယ့်ရဲ့နိုင်ငံတော်အကျိုးအတွက် ရှေ့ရှုပြီးတော့ ပြည့်ဝတဲ့မေတ္တာတရားနဲ့ သွားမယ်ဆိုရင်တော့ တကယ်ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံကြီး တခုကိုတော့ ကျနော်တို့ တွေ့ရမှာဖြစ်ပါတယ်။ ထူးထူးခြားခြားအနေနဲ့တော့ အထူးသဖြင့်တော့ ပြည်တွင်းစစ် လုံးဝချုပ်ငြိမ်းဖို့ကတော့ အဓိကပဲလို့ ယူဆတာပဲ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013