DVB Logo
Home
မြန်မာသတင်း
တောင်သူဒေါ်ခင်ဝင်းသေဆုံးမှု လူ့အခွင့်အရေးကော်မရှင်နှင့် ရဲတပ်ဖွဲ့ တပြိုင်နက် စစ်ဆေး
DVB
·
January 1, 2015
တောင်သူဒေါ်ခင်ဝင်းသေဆုံးမှု လူ့အခွင့်အရေးကော်မရှင်နှင့် ရဲတပ်ဖွဲ့ တပြိုင်နက် စစ်ဆေး
Donate to DVB

လက်ပံတောင်းပဋိပက္ခမှာ တောင်သူဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ပတ်သက်ပြီး အမျိုးသား လူ့အခွင့်အရေးကော်မရှင်နဲ့  ရဲတပ်ဖွဲ့တို့က ဒီနေ့ တပြိုင်နက် စစ်ဆေးနေကြပါတယ်။

[caption id="attachment_74672" align="alignright" width="433"]ဓာတ်ပုံ - ကိုဟန်ဝင်းအောင် ဓာတ်ပုံ - ကိုဟန်ဝင်းအောင်[/caption]

လူ့အခွင့်အရေးကော်မရှင် စုံစမ်းစစ်ဆေးရေးအဖွဲ့က ဒေါ်ခင်ဝင်းသေဆုံးမှုမှာ မျက်မြင်တွေ ဖြစ်တဲ့ ဒေသခံရွာသား ၆ ယောက်နဲ့ သံဃာတော်တပါးတို့ကို ဆားလင်းကြီး ချည်ထည်စက်ရုံဧည့်ရိပ်သာမှာ လာတွေ့ဖို့ အကြောင်းကြားစာပေးပို့ခဲ့တာဖြစ်ပြီး ဆားလင်းကြီး ရဲစခန်းကတော့ မျက်မြင်ရွာသား ၃ ယောက်ကို ခေါ်ယူစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

ဆားလင်းကြီးရဲစခန်းမှာ ဒီနေ့ အစစ်ခံခဲ့ရသူ ဒေါ်ခင်မာအေးက သူတို့ကို ခေါ်စစ်တာမှန်ပေ မယ့် အသေးစိတ်ပြောဖို့တော့ ငြင်းပါတယ်။

“အခုက ဆားလင်းကြီးရဲစခန်းက စခန်းမှူးက သက်သေအနေနဲ့မေးတယ်၊စခန်းမှုးက ဒေါ်ခင်ဝင်းသေတဲ့ကိစမြင်တဲ့ဟာကို စစ်နေတာ အခု ပြီးသွားပြီ။ တခါ ကော်မရှင်ကစစ်မယ့် ချည်မျှင်အထည်စက်ရုံကို သွားနေတာ။”

ဒေါ်ခင်ဝင်းသေဆုံးမှုနဲ့ပတ်သက်ပြီး  ဆားလင်းကြီးရဲစခန်းမှာ သေမှုသေခင်းဖွင့် ထားတာဖြစ်ပြီး ဇန်န၀ါရီ ၁ ရက်မှာ ရဲစခန်းက စစ်ဆေးမှုစတင်ခဲ့တာ ဖြစ်ပါ တယ်။

ကော်မရှင်ကခေါ်တဲ့ ဒေသခံရွာသားတွေက ဒေါ်ခင်မာအေး၊ ဒေါ်ကြူ၊ ဦးစက်ပြိုင်၊ ဒေါ်ဌေးဌေး၊ ဒေါ်မြင့်စန်းဝေနဲ့ ဦးသောင်းတို့ဖြစ်ပြီး သွားရောက်စစ်ဆေးခံသူတွေက ဒေါ်ခင်မာအေး၊ ဒေါ်ဌေးဌေးနဲ့ ဦးသောင်းတို့ ဖြစ်ပါတယ်။

ဒီကနေ့မှာ လူသေဆုံးမှုကို စစ်ဆေးနေချိန်မှာပဲ လက်ပံတောင်းဒေသခံတွေက ဆန္ဒပြနေကြပြတယ်။

ဆားလင်းကြီးမြို့နယ်၊ စမ်းမြ၀တီကျောင်းတိုက်က ဦးအာလောက က  “ဒီနေ့ တုံရွာထိပ်မှာ လူထုက ဆန္ဒပြတယ်။ ကိုယ့်လယ်မြေပြန်လည်ရရှိရေးနဲ့ ဒေါ်ခင်ဝင်း သေဆုံးမမှာ အမှုမှန်ဖော်ထုတ်ပေးရေးတို့အတွက် ဆန္ဒပြခဲ့ကြတာပါ။ ဆားလင်းကြီး -ညောင်ပင်ကြီးလမ်းဘေး တုံရွာဇရပ်ရဲ့အနောက် သူတို့ ခြံစည်းရိုးခတ်ထားတဲ့ ရဲကင်းထိပ်မှာ စုရုံးဆန္ဒပြခဲ့ကြတာ၊ခြံစည်းရိုးအတွင်းမှာ ရဲကင်းချထားပြီး ရဲတွေရှိတယ်။ ဘာမှတော့ တုံ့ပြန်တာ မရှိဘူး။”

လတ်တလော လက်ပံတောင်အရေးနဲ့ပတ်သက်ပြီး ရန်ကုန်၊ မန္တလေးနဲ့ မြို့ကြီးတချို့မှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေပါတယ်။

သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကတော့ လက်ပံတောင်းအရေးမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ ပတ်သက်ပြီး သေမှုသေခင်းဖွင့် စုံစမ်းစစ်ဆေးနေတယ်၊  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက  ကော်မရှင်ဖွဲ့စည်း စစ်ဆေးနေသလို   ဦးလှထွန်း ခေါင်းဆောင်တဲ့ လက်ပံတောင်းတောင်စီမံကိန်းလုပ်ငန်းကော်မတီကလည်း ကွင်းဆင်းစစ်ဆေးနေတယ်လို့ ဒီဗီဘီကို ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013