DVB Logo
Home
မြန်မာသတင်း
မန္တလေး၊ ရန်ကုန်နှင့် လက်ပံတောင်းတို့တွင် ကြေးနီစီမံကိန်းအကြမ်းဖက်မှုအပေါ် ဆန္ဒပြ
DVB
·
January 1, 2015
မန္တလေး၊ ရန်ကုန်နှင့် လက်ပံတောင်းတို့တွင် ကြေးနီစီမံကိန်းအကြမ်းဖက်မှုအပေါ် ဆန္ဒပြ
Donate to DVB

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကြမ်းဖက်မှုအပေါ် ရှုတ်ချပြီး ဒီမှုတွေကို ဖြေရှင်းပေးဖို့ မန္တလေး၊ ရန်ကုန်နဲ့ လက်ပံတောင်းဒေသက ပြည်သူတွေ ဒီနေ့ ၁ ရက် ၁ လ ၂၀၁၄ မှာ စတင်ဆန္ဒထုတ်ဖော်နေကြပါတယ်။

[caption id="attachment_75746" align="alignright" width="457"]လက်ပံတောင်း အကြမ်းဖက်မှုအပေါ် မန္တလေးတွင် ဆန္ဒပြနေစဉ် လက်ပံတောင်း အကြမ်းဖက်မှုအပေါ် မန္တလေးတွင် ဆန္ဒပြနေစဉ်[/caption]

မန္တလေးမြို့မှာတော့  ၃၆ လမ်း ၈၅ လမ်းထောင့်မှာရှိတဲ့ မြတောင်ကျောင်းတိုက်ကနေစပြီး မြို့ပတ်ချီတက် ဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်။

ဆန္ဒပြတောင်းဆိုမှုနဲ့ပတ်သက်ပြီး ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုကွန်ရက် MDCF အဖွဲ့ က ကိုသိန်းအောင်မြင့်က အခုလို ပြောပါတယ်။

“ကျနော်တို့က ဒီလက်ပံတောင်းတောင်ဒေသမှာ အကြမ်းဖက်တဲ့အပေါ်မှာ အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့လိုအပ်ပါတယ်။ အစိုးရအနေနဲ့တာဝန်ယူမှု တာဝန်ခံမှုရှိဖို့လည်း လိုအပ်ပါတယ်။ ဒီအကြမ်းဖမ်မှုကို ကျနော်တို့မန္တလေးမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးက ရှုတ်ချတယ်။ အဲဒီအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာပါ။ အစိုးရအနေနဲ့ လက်ပံတောင်းတောင်ဒေသ အကြမ်းဖက်မှုအပေါ်မှာ ဖြေရှင်းပေးဖို့ တောင်းဆိုနေတာပါ။ လက်ပံတောင်းတောင်ဒေသမှ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ မည်သည့်နေရာမှာမဆို ရှုတ်ချကန့်ကွက်ပါတယ်။”

မန္တလေးမြို့ ဆန္ဒပြပွဲ သံဃာတော်အပါအ၀င် လူပေါင်း ထောင်ချီပါဝင် ဆန္ဒပြတယ်လို့ ပြောပါတယ်။

ရန်ကုန်မြိုကမှာတော့ ဆူလေဘုရားရှေ့ကနေ လူတွေဆုပြီး လက်ပံတောင်းရေး အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒထုတ်ဖော်နေကြပါတယ်။ လက်ရှိမှာတော့ တရုတ်သံရုံးရှာကို ချီတက်ဆန္ဒပြနေကြပါတယ်။

ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း မြေသိမ်းခံရတဲ့ တောင်သူတွေ ဆန္ဒပြနေကြပါတယ်။  သိမ်းဆည်းမြေယာပြန်ရရေး၊ အစားထိုးမြေဧက ၂၅၀၀ ဖော်ထုတ်ပေးရေး၊  လူသတ်အကြမ်းဖက်အာဏာပိုင်တွေကို အရေးယူပေးရေးစတဲ့ ကြွေးကြော်သံတွေ အော်ပြီး ဆန္ဒထုတ်ဖော်နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013