DVB Logo
Home
မြန်မာသတင်း
ညောင်ရွှေတွင် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ကန့်ကွက်ဆန္ဒပြ
DVB
·
January 1, 2015
ညောင်ရွှေတွင် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ကန့်ကွက်ဆန္ဒပြ
Donate to DVB

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတဲ့ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာ ဒီမနက်ပိုင်း ဒေသခံ ၃၇၂၆ ယောက်  ကန့်ကွက်ဆန္ဒပြ ကြတယ်လို့ အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းဖော်ပြပါတယ်။

[caption id="attachment_75730" align="alignright" width="431"]ဓာတ်ပုံ - MOI ဓာတ်ပုံ - MOI[/caption]

ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ် အောင်မြင်အောင် အစိုးရ ဆောင်ရွက်ဖို့၊  နိုင်ငံနဲ့ ပြည်သူလူထု လူမှုစီးပွားဘ၀ တိုးတက်ရေးကို အစိုးရ ဆောင်ရွက်ဖို့၊  ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှု မဖြစ်နိုင်တာကို အစိုးရက အလေးအနက်စဉ်းစားဖို့၊  ဖွဲ့စည်းပုံပြင်ရေးနဲ့ နိုင်ငံရေးဖြစ်စဉ်မှာ တိုင်းရင်းသား အားလုံးပါခွင့်ရအောင် အစိုးရက ဆောင်ရွက်ပေးဖို့ စတာတွေကို အင်းတိုင်းရင်းသားတွေက တောင်းဆိုခဲ့ကြတယ်လို့ ရေးသားပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့တုန်းကလည်း ပလောင်၊ ဓနုနဲ့ ပအို့ဝ်တိုင်းရင်းသားတွေ ဟာလည်း ဒီတောင်းဆိုချက် ၅ ချက်ကို တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

ညောင်ရွှေမြို့က အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က “ဒီကနေ့ ဆန္ဒထုတ်ဖော်တဲ့ ကိစ္စကတော့ ကျနော်တို့ အင်းတိုင်းရင်းသားပါတီနဲ့ လုံးဝမသက်ဆိုင်ပါဘူးခင်ဗျာ။ အင်းသားလူမျိုးတွေလည်း အနည်းအကျဉ်းဘဲ ပါပါတယ်။ တောင်းဆိုချက်ကတော့ ၆ ချက် ရှိတယ်တဲ့ ခင်ဗျ။ မဆိုးပါဘူး။ ကောင်းပါတယ်။ ဒါပေမယ့် ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ အလိုမရှိဆိုတဲ့ဟာက ကျနော်တို့သဘောထားနဲ့ မတူဘူး။ ကျနော်တို့ အင်းတိုင်းရင်းသား ပါတီမှာ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိတယ်။ ကျနော်တို့ ဆန္ဒတွေ  တောင်းဆိုချက်တွေကို လွှတ်တော်ကနေ ပြောလို့လည်း ရတာပဲ” လို့ ပြောပါတယ်။

၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော်မှာ  ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို ဆောလျင်စွာပြုလုပ်ဖို့ အရေးကြီးအဆိုကို ကန့်ကွက်သူမရှိ အတည်ပြု ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ တိုင်းရင်းသားအစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ဖြစ်ပါတယ်။

၆ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ပါဝင်ဖို့ ကျန် ၄ ပွင့်က လိုလားကြောင်း ထုတ်ဖော်ပြောဆိုကြ ပေမယ့် သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ သဘောထားကို တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်က ၄ ပွင့်ဆိုင်ဆွေးနွေးဖို့တောင်းဆိုပြီးနောက် အစိုးရက ၁၄ ပွင့်ဆိုင် ဆွေးနွေးပွဲပုံစံ ဖိတ်ကြားခဲ့သလို ပြည်ထောင်စုလွှတ်တော်မှာ အာဏာရပါတီရဲ့ အ မတ်တဦးက ခြောက်ပွင့်ဆိုင်ဆွေးနွေးဖို့ တင်ပြအတည်ပြုခဲ့တာပါ။ ဒီနောက် ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်က ၁၂ ပွင့်ဆိုင်ဆွေးနွေးဖို့ တိုက်တွန်းဆုံးဖြတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013