DVB Logo
Home
မြန်မာသတင်း
ဒေါ်ခင်ဝင်းသေဆုံးမှု လူ့အခွင့်အရေးကော်မရှင်စစ်ဆေးရန် လက်ပံတောင်း ရောက်ရှိ
DVB
·
January 1, 2015
ဒေါ်ခင်ဝင်းသေဆုံးမှု လူ့အခွင့်အရေးကော်မရှင်စစ်ဆေးရန် လက်ပံတောင်း ရောက်ရှိ
Donate to DVB

[caption id="attachment_75714" align="alignright" width="336"]Daw Khin Win ဓာတ်ပုံ - ကိုဟန်ဝင်းအောင်[/caption]

ဒီဇင်ဘာလ ၂၂ ရက်နေ့က ဆန္ဒပြမှုအတွက် သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ဒေါ်ခင်ဝင်းအမှုနဲ့ပတ်သက်ပြီး စစ်ဆေးဖို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ဆာလင်းကြီးမြို့နယ်ကို ရောက်ရှိနေပြီးလို့ လူ့အခွင့်အရေးကော်မရှင် တာဝန်ရှိသူတဦး ဖြစ်တဲ့ ဦးစစ်မြိုင်က ပြောပါတယ်။

“ဦးဆောင်တာကတော့ ဦးဇော်ဝင်းအဖွဲ့သွားတယ်။ ဥက္ကဋ္ဌတို့ စီစဉ်ပြီးလွှတ်တာလေ။ ဒေါ်ခင်ဝင်သေဆုံးတဲ့ကိစ္စသွားစစ်တာ။”

ဒေါ်ခင်ဝင်းဟာ ဒီဇင်ဘာလ ၂၂ ရက်နေ့က ၀မ်ပေါင်ကုမဏီက သံဆူးကြေိုး ခတ်မှုနဲ့ပတ်သက်တားဆီရားဆန္ဒပြစဉ် လုံခြုံရေးတပ်ဖွဲ့ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာပါ။

သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကလည်း   ဒေါ်ခင်ဝင်သေဆုံးမှုနဲပတ်သက်ပြီး အစိုးရအနေနဲ့ သေမှုသေခင်းအရ အမှုဖွင့်ပြီးတော့ သူတို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတဲ့အပြင် ဖြစ်စဉ်မှာ ဆန္ဒပြသူတွေရဲ့ လုပ်ဆောင်ချက်တွေ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြန်လည်ကိုင်တွယ် ဆောင်ရွက်မှုတွေကို စိစစ်ဆောင်ရွက်နေတယ်လို့ ဒီဗွီဘီကို ပြောခဲ့ပါတယ်။

တောင်သူဒေါ်ခင်ဝင်းသေဆုံးခဲ့ရမှုကို အာဏာပိုင်တွေအနေနဲ့ ပြတ်ပြတ်သားသား ကိုင်တွယ်အရေးယူရမှာဖြစ်သလို တဖက်ကလည်း ပြေလည်ရေးကို ဦးတည်ရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာလ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒေါ်ခင်ဝင်း သေဆုံးမှုကို စုံစမ်းဖော်ထုတ်ပေးဖို့အတွက် ဒီကနေ့ညနေပိုင်း  ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆန္ဒပြဖို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လုပ်ဆောင်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013