DVB Logo
Home
အားကစား
အင်္ဂလန်ကလပ်များ ဥရောပဗိုလ်လုပွဲ ၃ ခုစလုံးကို ပထမဆုံးအကြိမ် တက်လှမ်း 
DVB
·
May 8, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အင်္ဂလန်ကလပ်အသင်းတွေဟာ ဥရောပပြိုင်ပွဲ ၃ ခုစလုံးရဲ့ ဗိုလ်လုပွဲတွေကို တရာသီတည်းမှာ ပထမဆုံးအကြိမ်အဖြစ် အသီးသီး တက်လှမ်းနိုင်ခဲ့ကြပါတယ်။ 

ချန်ပီယံလိဂ်မှာ အာဆင်နယ်၊ ယူရိုပါလိဂ်မှာ အက်စတွန်ဗီလာနဲ့ ကွန်ဖရင့်လိဂ်မှာ ခရစ္စတယ်ပဲလေ့စ် တို့ ဗိုလ်လုပွဲတက်ခဲ့ကြတာ ဖြစ်ပါတယ်။

အာဆင်နယ်က အက်သလက်တီကိုကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်ခဲ့တာဖြစ်သလို အက်စတွန်ဗီလာကလည်း ဖောရက်စ်ကို အနိုင်ယူပြီး မေ ၂၀ ရက်မှာ ဖရိုင်းဘာ့ဂ်နဲ့ ဗိုလ်လုပွဲ ကစားရမှာပါ။ 

ခရစ္စတယ်ပဲလေ့စ်ကတော့ ရှက်တာဒိုးနက်ကို နှစ်ကျော့ပေါင်း (၅-၂) ဂိုးနဲ့ အနိုင်ယူပြီး အသင်းသမိုင်းမှာ ပထမဆုံးအကြိမ် ဥရောပဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့တာပါ။

ဒုတိယအကျော့မှာ ပဲလေ့စ်အတွက် ဂိုးတွေကို အစ္စမေးလားဆားနဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုးတို့ ကနေ ရရှိခဲ့တာဖြစ်ပြီး (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့တာပါ။

နည်းပြ အိုလီဗာဂလက်စနာရဲ့ ပဲလေ့စ်အသင်းဟာ လာမဲ့ မေ ၂၇ ရက် လိုက်ပ်ဇစ်မြိုမှာကစားမဲ့ ဗိုလ်လုပွဲမှာ စပိန်ကလပ် ရာယိုဗယ်လီကာနိုနဲ့ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

အရင်က အီတလီကလပ်တွေဟာ ၁၉၉၀ ပြည့်နှစ်မှာ ဥရောပဖလား ၃ ခုလုံးကို တပြိုင်တည်း သိမ်းပိုက်နိုင်ခဲ့ဖူးပါတယ်။

အင်္ဂလန်ကလပ်တွေအနေနဲ့ အခုနှစ်မှာ အဲဒီလို မှတ်တမ်းကောင်းမျိုး ထပ်မံရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

 Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013