DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာ ချစ်ကြည်ရေးတိုးမြင့်စေရန် ၂ နိုင်ငံနယ်စပ် အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ
DVB
·
January 1, 2015
ထိုင်း-မြန်မာ ချစ်ကြည်ရေးတိုးမြင့်စေရန် ၂ နိုင်ငံနယ်စပ် အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ
1 / 2
Donate to DVB

Thai Burma Border2ထိုင်း-မြန်မာ ၂ နိုင်ငံ ချစ်ကြည်ရေး ပိုတိုးမြင့်လာစေရေးနဲ့ ၂ နိုင်ငံ စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုရေးအစရှိတဲ့ အထွေထွေကိစ္စရပ်တွေ အဆင်ပြေရေးအတွက် ၂ ဖက်နိုင်ငံမှ ခရိုင်အုပ်ချုပ်ရေးမှူးတွေနဲ့ သက်ဆိုင်တဲ့ဌာနဆိုင်ရာတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီဇင်ဘာ ၃၁ ရက်နေ့က မြ၀တီခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ ပြုလုပ်ခဲ့တဲ့ အဲဒီဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံဘက်မှ တာ့ခ်ရိုင် အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာများ၊ ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်မှ ၅ မြို့နယ်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာများ ပါဝင်ကြပြီး မြန်မာနိုင်ငံဖက်ကတော့ မြ၀တီခရိုင်မှ စီးပွားရေးအသင်း၊ အခွန်ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးဌာနနဲ့ အစိုးရအဖွဲ့အစည်းများ တက်ရောက်ကြပါတယ်။

အလွတ်သဘော ဆွေးနွေးကြရာမှာ ထိုင်းနဲ့ မြန်မာ နှစ်နိုင်ငံ အဆင်ပြေရေးအတွက် ထိုင်းမြန်မာနယ်စပ်က ရေလည်ကျွန်းကို နှစ်နိုင်ငံ အကျိးတူလုပ်ငန်းအတွက် ခရီးသွားလုပ်ငန်းလုပ်ရင် ပိုအဆင်ပြေနိုင်ကြောင်း၊ မြန်မာနိုင်ငံဘက်ခြမ်းကို ထိုင်းလူမျိုးတွေ ပြောင်းစိုက်ခင်း အကျိုးတူ လာရောက် လုပ်ဆောင်ကြတာကို မြ၀တီခရိုင်မှူးအနေနဲ့ တရားဝင်ခွင့်ပြုချက် လုပ်ပေးဖို့ ထိုင်းဖက်က ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ၂ နိုင်ငံ ဈေးပွဲတော်တွေ လုပ်ကြမယ်ဆိုရင်လဲ ၂ နိုင်ငံဖက်ခြမ်းကို ဈေးရောင်း အ၀င်အထွက်ပြုလုပ်ရေးအတွက်လည်း ဆွေးနွေးခဲ့ပါတယ်။

ထိုင်းနဲ့ မြန်မာ ကူးသန်းတဲ့ ချစ်ကြည်ရေးတံတား ဖွင့်ပိတ်ချိန်ကို ဇန်န၀ါရီ ၁ ရက် မနက် ၅ နာရီကနေ ည ၈ နာရီအထိ အချိန်တိုးမြင့်သတ်မှတ်တာကို နှစ်နိုင်ငံ တာဝန်ရှိသူတွေ သဘောတူထားပြီး ဖြစ်ပေမယ့် ကားကုန်တင်ကုန်ချအတွက်တော့ ညနေ ၆နာရီခွဲအထိပဲ ၀င်ခွင့်ကို ခွင့်ပြုထားကြောင်းတွေလဲ ဆွေးနွေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013