
ပေါင် ၁ ဘီလီယံကျော် တန်ကြေးရှိတဲ့ လီဗာပူးအသင်းဟာ ဖူဟမ်အသင်းကို ဂိုးမရှိ သရေသာ ကစားနိုင်ခဲ့တာကြောင့် နည်းပြသစ် အန်ဒိုနီ အီရာအိုလာ အနေနဲ့ အန်ဖီးလ်ကွင်းမှာ ပထမဆုံး ပရီးမီးယားလိဂ် နိုင်ပွဲရဖို ဆက်လက်စောင့်ဆိုင်းနေရပါတယ်။
အက်သလက်တီကို ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် ပွဲပြီးနောက် လီဗာပူးတို့ ပုံစံကောင်း ပျောက်ဆုံးနေခဲ့ပါတယ်။
နည်းပြ အီရာအိုလာကတော့ ပွဲအပြီးမှာ အသင်းသားတွေ နားနားနေနေ မကစားရလို့ မလန်းဆန်းတာကို ဝန်ခံသွားပါတယ်။ ဂိုးရဖို အခွင့်အရေး မဖန်တီးနိုင်ခဲ့လို ၁ မှတ်ပဲ ရခဲ့တာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
ဖူဟမ် နည်းပြ အာဘီလိုအာ ကတော့ ရခဲ့တဲ့ ၁ မှတ်ထက် အသင်းသားတွေရဲ့ ခြေစွမ်းနဲ့ ယှဉ်ပြိုင်လိုစိတ်ကို ပိုပြီး ကျေနပ်ကြောင်း ပြောသွားတာပါ။ ဒီလို ပုံစံအတိုင်း ဆက်ဆော့သွားရင် နိုင်ပွဲတွေ ပြန်ရလာမယ်လိုလည်း သူ ယုံကြည်နေပါတယ်။











