DVB Logo
Home
မြန်မာသတင်း
သံဆူးကြိုးများ ၅ ရက်အတွင်း ဖယ်ရှားရန် လက်ပံတောင်းတောင်သူများ တောင်းဆို
DVB
·
December 31, 2014
သံဆူးကြိုးများ ၅ ရက်အတွင်း ဖယ်ရှားရန် လက်ပံတောင်းတောင်သူများ တောင်းဆို
Donate to DVB

DSC01005

လျော်ကြေးမယူတဲ့လယ်မြေအပေါ် ခတ်ထားတဲ့ သံဆူးကြိုးတွေကို ၅ ရက်အတွင်း ဖယ်ရှားပေးဖို့ လက်ပံတောင်းတောင်သူတွေက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါ တယ်။

ဒီကနေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ တောငင်သူတွေရဲ့ လယ်ယာမြေတွေ ပေါ်မှာ မတရားကျူးကျော်ခြံစည်းရိုးခတ်ထားခြင်းကို ကြေညာချက်ထွက်ရှိပြီး ၅ ရက်အတွင်း အမြန်ဆုံးဖယ်ရှားဖို့၊  သိမ်းဆည်းထားတဲ့မြေယာတွေကို မူလတောင်သူဆီ ပြန်လည် ပေးအပ်ဖို့ အပါအ၀င် အချက် ၄ ချက်ကို တောင်းဆိုထားပါတယ်။

ဒါ့အပြင် ဒေါ်ခင်ဝင်း သေဆုံးမှုနဲ့ပတ်သက်ပြီး ဥပေဒနဲ့အညီ ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

“ဒေါ်ခင်ဝင်းကို ပစ်ခတ်ခဲ့ခြင်းမှာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဖြိုခွင့်မှုပုံစံ မဟုတ်ဘဲနဲ့ လက်ဖြောင့် သေနတ်သမားက ရည်ရွယ်ချက်ရှိရှိပစ်ခတ် သတ်ဖြတ်လိုက် တာဖြစ်တဲ့အတွက် ဥပဒေနဲ့ အညီဆောင်ရွက်ပေးဖို့ တောင်းဆိုတာပါ” လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဇီးတောရွာက ဦးဇင်း ဦးစန္ဒာသီရိက မိန့်ပါတယ်။

လက်ပံတောင်းတောင်ဒေသ ဆည်တည်းရွာ မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ဝမ်ပေါင်ကုမ္ပဏီက သံဆူးကြိုးတွေချပြီး ခတ်ထားခဲ့ပါတယ်။ ဒီဇင်ဘာလ ဒီဇင်ဘာလ ၂၉ ရက်နေ့ကမှာတော့ ရွာသားတွေက ခတ်ထားတဲ့ သံဆးကြိုးကို ဖျက်ပြီး သပိတ်စခန်းဖွင့်ပြီး ဆန္ဒထုတ်ဖော်နေကြပါတယ်။ လက်ရှိမှာလည်း တောင်သူ ၁၅၀ လောက်အဲဒီစခန်းမှာ ဆန္ဒထုတ်ဖော်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013