DVB Logo
Home
မြန်မာသတင်း
စာရေးဆရာ ထင်လင်းဦးအမှု ရုံးထုတ်၊ တရားလိုပြသက်သေ စစ်ဆေး
DVB
·
December 31, 2014
စာရေးဆရာ ထင်လင်းဦးအမှု ရုံးထုတ်၊ တရားလိုပြသက်သေ စစ်ဆေး
Donate to DVB

သာသာနာညှိုးနွမ်းစေမှု အပါအ၀င် ပုဒ်မ ၂ ခုနဲ့ တရားစွဲခံရတဲ့ စာရေးဆရာထင်လင်းဦး အမှုကို ဒီကနေ့ ချောင်းဦးမြို့နယ်တရားရုံးမှာ ထပ်မံရုံးထုတ်ပြီး တရားလိုပြသက်သေ သုံးပန်လှ ရွာအုပ်ချုပ်ရေးမှူးကို စစ်မေးပါတယ်။

[caption id="attachment_75667" align="alignright" width="509"]စာရေးဆရာ ထင်လင်းဦးကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ - အဂ္ဂသီဟ) စာရေးဆရာ ထင်လင်းဦးကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ - အဂ္ဂသီဟ)[/caption]

စာရေးဆရာထင်လင်းဦး အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးမြို့က တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦး က တတိယအကြိမ် အာမခံတင်တာလည်း ပယ်ချခံရတယ်လို့ ပြောပါတယ်။

“ဒီနေ့ရုံးချိန်းမှာ တရားလိုပြသက်သေတယောက်ဖြစ်တဲ့ သုံးပန်လှရွာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်ကို စစ်ပါတယ်။ ပြီးတော့ ကျနော်တို့ တတိယအကြိမ်အာမခံလျှောက်ပါတယ်။ ပယ်ပါတယ်။ ဇန်န၀ါရီ ၈ ရက်နေ့ကို ရုံးချိန်း ပြန်ချိန်းပါတယ်။ အာမခံ ဘာညာကတော့ ဘေးပမ်းက ဖိအားရှိနိုင်ပါတယ်။ အခု အမှုစစ်ပြီးတော့ကို သံဃာအပါး ၂၀ လောက်ကလာပြီး အမျိုးဘာသာ သာသနာ အောင်ရမည်ဆိုပြီးတော့ လာထိုင်ကြွေးကျော်နေတာတွေ ရှိတဲ့အခါကျတော့ အဲ့ဒီအပေါ်မှာ ဒါရုံးက မသင့်တော်ဘူး။ အာမခံပေးလိုက်ရင် တစုံတရာ မလိုလားအပ်တဲ့ ပြဿ နာဖြစ်နိုင်တယ် ဆိုပြီးတော့ မပေးတာ ဖြစ်နိုင်တာပေါ့။”

ဒီနေ့ရုံးချိန်းအပြီးမှာ ဦးထင်လင်းဦးရဲ့ ဇနီး ဒေါ်စောစန္ဒာနဲ့ မြို့ခံတချို့၊ ရှေ့နေဦးသိန်းသန်းဦး တို့ဟာ ချောင်ဦးမြို့နယ် သံဃာ့ဝန်ဆောင်ဆရာတော်တွေကို ၀န်ချတောင်းပန်ဖို့ ကန်တော့ပြီး တွေ့ဆုံခဲ့ကြပါတယ်။

ကံဆောင်ထားတဲ့ ချောင်ဦးသံဃာတော်တွေ ဆုံတဲ့နေ့မှာ ၀န်ချတောင်းပန်ကန်တော့ဖို့ စီစဉ်နေတာဖြစ်ပြီး မကြာခင် ၀န်ချတောင်းပန် ကန်တော့ဖြစ်မယ်လို့လည်း ဆိုပါတယ်။

စာရေးဆရာထင်လင်းဦးရဲ့ ဒီနေ့ ရုံးချိန်းကို အမျိုးဘာသာသာသနာအဖွဲ့က မဘသ ဆရာတော်တချို့နဲ့ ဦးထင်လင်းဦးကို ထောက်ခံတဲ့ သံဃာတော်တချို့ လာရောက်ခဲ့ကြပါတယ်။

အောက်တိုဘာ ၂၃ ရက် စစ်ကိုင်းတိုင်း မုံရွာခရိုင် ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ စာပေဟောပြောပွဲမှာ ဟောပြောချက်နဲ့ပတ်သက်လို့ ဘာသာသာသနာ ယုံကြည်မှုကို စော်ကားမှု ပုဒ်မ ၂၉၅ (က)၊ ဘာသာရေးကို စိတ်နာစေရန် တမင်ကြံရွယ်၍ စကားပြောဆိုမှု ပုဒ်မ ၂၉၈ တွေနဲ့ စွဲဆိုခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013