DVB Logo
Home
မြန်မာသတင်း
ဟိုင်းလပ်ကားတွင် စီးနင်းလိုက်ပါလာသည့် တရားမ၀င် မြန်မာ ၂၈ ဦးကို ထိုင်းရဲ ဖမ်းဆီး
DVB
·
December 31, 2014
ဟိုင်းလပ်ကားတွင် စီးနင်းလိုက်ပါလာသည့် တရားမ၀င် မြန်မာ ၂၈ ဦးကို ထိုင်းရဲ ဖမ်းဆီး
Donate to DVB

[caption id="attachment_75611" align="alignright" width="478"]ဓာတ်ပုံ - thairath ဓာတ်ပုံ - thairath[/caption]

ထိုင်းမြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၈ ဦးကို ကားတစီးထဲမှာ တင်ဆောင်လာစဉ် ဖမ်းဆီးရမိတယ်လို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

တာ့ခ်ခရိုင် နယ်မြေခံ စစ်တပ်နဲ့ ရဲ ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာလ ၃၀ ရက်နေ့မနက်က မဲဆောက်ကနေ တာ့ခ်မြို့ အသွားလမ်း ဘန့်ဟွေ့ယအုကျေးရွာအုပ်စု မယ့်လမော စစ်ဆေးရေးဂိတ်မှာ တာဝန်အရ ယာဉ်သွားယာဉ် လာတွေကို စစ်ဆေးနေစဉ်အချိန်မှာဘဲ  မနက် ၈ နာရီခွဲလောက်မှာတော့ မသင်္ကာဖွယ်ယာဉ်တစီးဟာ နောက်ကြောင်းပြန်လှည့်ပြီး အနီးက ရွာတရွာထဲကို အမြန်မောင်းဝင်သွားတာ တွေ့ရကြောင်း၊ စစ်ဆေးရေး ၀န်ထမ်းတွေက အဲဒီကားနောက်ကို အမြန်လိုက်မောင်းရာမှာ မီတာ ၅၀၀ လောက်အကွာမှာ ရပ်မိန့်ပေးပြီး စစ်ဆေးရာက တရားမ၀င် ၀င်လာသူတွေကို ဖမ်းဆီးရမိတာလို့ မယ်လမောဂိတ် တာဝန်ရှိ ၀န်ထမ်းတဦးက သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ အဲဒီကားပေါ်မှာ လူပေါင်း ၂၈ ဦးကို ညှပ်ပိတ်သည်ဆောင်လာပြီး အမျိုးသား ၁၃ ဦး၊ အမျိုးသမီး ၁၃ ဦးနဲ့ ကလေး ၂ ယောက်တို့ ပါဝင်ကာ အားလုံး မြန်မာနိုင်ငံသားတွေလို့ ဆိုပါတယ်။

သူတို့အားလုံးကို မဲဆောက်ဈေးထဲကနေ တင်ဆောင်လာတာဖြစ်ပြီး ဘန်ကောက်ကို အလုပ်သွားလုပ်ဖို့ တဦးချင်းနှုန်းထားနဲ့ သယ်ဆောင်လာတာလို့ ယာဉ်မောင်းသူက ၀န်ခံပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး  ယာဉ်မောင်းသမား ထိုင်းလူမျိုး နိုင်းထီလယုဒ် ထောင်းဒဲန်း အသက် ၃၀ နှစ်ကိုရော  ဖမ်းဆီးရမိ မြန်မာနိုင်ငံသား အားလုံးကိုပါး တရားဥပဒေအရ ဆက်လက်အရေးယူဖို့ ပြင်နေတယ်လို့ ရဲစခန်းတာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013