DVB Logo
Home
မြန်မာသတင်း
နော်အုန်းလှနှင့် ဦးနေမျိုးဇင်တို့ကို ပုဒ်မ ၃ ခုဖြင့် တရားစွဲပြီး အင်းစိန်ထောင်ပို့
DVB
·
December 30, 2014
နော်အုန်းလှနှင့် ဦးနေမျိုးဇင်တို့ကို ပုဒ်မ ၃ ခုဖြင့် တရားစွဲပြီး အင်းစိန်ထောင်ပို့
Donate to DVB

ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ ဒီဇင်ဘာလ ၂၉ ရက်နေ့ညက ဆန္ဒပြလို့   နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှ၊  ဦးနေမျိုးဇင်နဲ့ မစိန်ဌေးတို့ကို   ဖမ်းဆီးပြီး ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားပါတယ်။

Nay Myo Zin and Naw Own Hlaသူတို့ ၃ ဦးကို ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ပုဒ်မ ၁၈၊ ၀တ်ရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃ နဲ့  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ဒဂုံမြို့နယ်က တရားစွဲဆိုတာလို့ ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

“ပုဒ်မ ၃ ခုနဲ့ အမှုကတော့ ၂ မှု ဖွင့်တာပေါ့ဗျာ။ တယောက်ကို ၂ မှုဆီဆိုတဲ့ သဘောမျိုးနဲ့ ဒဂုံမြို့နယ်တရားရုံးမှာ ဒီနေ့ ယမန်ယူတယ်။”

ယမန်ယူပြီး လာမယ့်ဇန်န၀ါရီလ ၁၃ ရက်နေ့ ရုံးပြန်ချိန်းထားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့  သူတို့ ၃ ဦးလုံးကို အင်းစိန်ထောင်ဆီပို့ဆောင် ထိန်းသိမ်းထားတယ်လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

ဒီဆန္ဒပြမှုနဲ့ဆက်ဆပ်ပြီးတော့လည်း နောက်ထပ်လူပေါင်း ၇ ဦးကို တရားစွဲဆိုထားကြောင်း လည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်သန္တာက ပြောပါတယ်။

“အခု ကျမမြင်တာကတော့ ၃ ယောက်ဖမ်းခံထားရတယ်။ ဒါပေမယ့် တရားရုံးမှာ ၇ ယောက် နာမည်ခေါ်သံကြားတယ်။ အခုညနေပိုင်းမှာလည်း တင်ထွဋ်ပိုင်ကို ဖမ်းသွားပြီးလို့ ကြားတယ်။”

ဒီလ ၂၂ ရက်နေ့က ဖြစ်တဲ့ လက်ပံတောင်းဒေသ အဓိကရုဏ်းမှာ မိုးကြိုးပြင် အလယ်ရွာသူ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးရတဲ့ ဖြစ်ရပ်အမှုမှန်ပေါ်ပေါက်ရေးနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရေးအတွက် မနေ့ညနေက လူရာနဲ့ ချီဆန္ဒပြခဲ့ကြပါတယ်။

ဒီဆန္ဒပြမှုအတွင်း  နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက  ဒဂုံမြို့နယ်ရှိ  တရုတ်သံရုံးရှေ့ကို ဖြတ်လျှောက် ဆန္ဒပြဖို့ ခွင့်တောင်းတာကို လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဖြတ်ကျော်ဖို့ ကြိုးစားရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013