DVB Logo
Home
မြန်မာသတင်း
စည်ပင်သာယာရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှုများကို အရေးယူရန် တိုင်ကြားမည်
DVB
·
December 30, 2014
စည်ပင်သာယာရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှုများကို အရေးယူရန် တိုင်ကြားမည်
Donate to DVB

ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှု တွေ၊ ဆန္ဒမဲပေးမှုအဆင့်ဆင့်မှာ သမရိုးကျမဟုတ်တဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့ အခြား ချိုးဖောက်မှုတွေကို ရွေးကောက်ပွဲကော်မရှင်က အရေးယူဆောင်ရွက်နိုင်ဖို့ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ကိုယ်စားလှယ်လောင်း အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့  ဒေါ်နော်လှလှစိုးက ပြောပါတယ်။

Naw Susana Hla Hla Soeမဲဆွယ်စည်းရုံးရေးကာလမှာ ကိုယ်စားလှယ်အချို့ဟာ ရွေးကောက်ပွဲ နည်းဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေနဲ့ မညီညွှတ်တဲ့ နည်းလမ်းတွေနဲ့ မဲဆွယ်စည်းရုံးတာတွေ၊ မဲရုံအတွင်း မဲပေးမှုအဆင့်ဆင့်မှာ အခြားသမရိုးကျမဟုတ်တဲ့ အဖြစ်အပျက်တွေ လုပ်ကိုင် ဆောင်ရွက်တာတွေ ရှိခဲ့သောကြောင့် ရွေးကောက်ပွဲရဲ့ လွတ်လပ်တရားမျှတမှုကို ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အများပြည်သူတွေ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးဖို့ ကော်မရှင်ရဲ့ နှိုးဆော်မှု အားနည်းတာ မဲပေးပိုင်ခွင့်ရှိသူ တအိမ်ထောင်လျှင် ၁ ဦးကျ သတ်မှတ်ထားတဲ့အပြင် သတ်မှတ်ထားသူတွေသာ မဲပေးပိုင်ခွင့် ရှိတာ၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဖြစ်ဖို့ လိုအပ်ချက် ကန့်သတ်မှု များစွာရှိတာ၊ မဲပေးပုံနည်းစနစ်ကို အများပြည်သူကို အသိပညာပေးမှု အားနည်းတာ၊ မှားယွင်းတဲ့ မဲပေးသူစာရင်းတွေ အတည်ပြုထည့်သွင်းတာ စတာတွေကြောင့် အမှားအယွင်း များခဲ့ကာ အများပြည်သူ စိတ်ဝင်စားမှု အားနည်းပြီး မဲပေးသူအရေအတွက် အလွန်နည်းပါးခဲ့တယ်လို့လည်း ထောက်ပြပြောဆိုပါတယ်။

၆၅ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ စတင် ဖြစ်ပေါ်ချိန်ကအစ အများပြည်သူ ဆန္ဒမဲပေးပြီးချိန်အထိ လုပ်ငန်းအဆင့်ဆင့်မှာ အားနည်း ယိုယွင်းမှုတွေ ရှိခဲ့တယ်လို့ ဒေါ်နော်လှလှစိုးက ပြောပါတယ်။ ဒီလို ကန့်ကွက်မယ်ဆိုရင်  ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်ရမှာ ဖြစ်ပြီး ငွေကျပ် ၅ သိန်း ပေးသွင်းရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013