DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့တွင်း ပစ်ခတ်မှုဖြစ်ပွား၊ စစ်မှုထမ်းဟောင်း ၁ ဦး သေဆုံး
DVB
·
December 30, 2014
ကျောက်မဲမြို့တွင်း ပစ်ခတ်မှုဖြစ်ပွား၊ စစ်မှုထမ်းဟောင်း ၁ ဦး သေဆုံး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ လူစည်ကားရာနေရာမှာ  ဒီဇင်ဘာလ ၂၉ ရက် ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး လူတဦးသေဆုံးခဲ့ပါတယ်။

[caption id="attachment_75492" align="alignright" width="441"]ဓာတ်ပုံ - ဦးတင်မောင်သိန်း ဓာတ်ပုံ - ဦးတင်မောင်သိန်း[/caption]

အပစ်ခံရသူမှာ ဆိုင်ကယ်နဲ့ စက်ဘီးရပ်နားရာနေရာမှာ အလုပ်လုပ်နေတဲ့  စစ်မှုထမ်းဟောင်း ဦးကျော်မိုး (အသက် ၅၂) နှစ် ဆိုသူဖြစ်ပြီး သေနတ်ဒဏ်ရာ ၂ ချက်နဲ့ ဒီကနေ့ မနက်မှာဘဲ ဆုံးသွားတယ်လို့ ကျောက်မဲလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ ညနေခင်း ၃ နာရီခွဲလောက်က ညဈေးတန်းအနီး အောင်ဆန်းလမ်းမှာ လူတအားစည်ကားနေတဲ့အချိန်မှာ ဆိုင်ကယ်နဲ့ လူတယောက် မောင်းပြန်သေနတ်နဲ့ လာပစ်ပြီး ထွက်ပြေးသွားတယ်ခင်ဗျ။ အဲဒီမှာ ဆိုင်ကယ်ရပ်တဲ့နေရာကို စောင့်နေတဲ့ စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ဦးကျော်မိုးကို ထိသွားတယ်။ တယောက်တည်းကို ပစ်မှတ်ထားပြီး ပစ်သွားတဲ့ သဘောပါ။ သေနတ်ဒဏ်ရာက တင်ပဆုံမှာရော အသည်းကိုပါထိသွားတယ်။ သူ့ကို ကျနော်တို့ လူမှုကူညီရေးအသင်းရဲ့ ကားနဲ့ဘဲ ဆေးရုံကို ပို့ပေးပြီး ဒီကနေ့မနက် ၅ နာရီခွဲမှာ ဆုံးသွားပါတယ်ခင်ဗျ။”

မနေ့ညနေ ဒဏ်ရာရစဉ်မှာတော့ ကျောက်မဲမြို့မရဲစခန်းမှာ ပုဒ်မ ၃၀၇ လူကိုသေစေကြောင်း ကြံစည်မှုနဲ့  အမှုဖွင့်ထားပေမယ့် ဒီကနေ့မနက်မှာ သေဆုံးသွားပြီဖြစ်တဲ့အတွက် ပုဒ်မ ၃၀၂ သေမှုသေခင်းနဲ့ ပြန်ပြီးအမှုဖွင့်ခဲ့တယ်လို့  သူက ဆက်ပြောပါတယ်။

သေဆုံးသူ ဦးကျော်မိုးဟာ ယခင် ခလရ-၂ က တပ်မတော်သားဟောင်းဖြစ်ပြီး   စစ်မှုထမ်းဟောင်းများအဖွဲ့က ကန်ထရိုက်ယူထားတဲ့  ဆိုင်ကယ်ရပ်နားရာနေရာမှာ အစောင့် လုပ်နေတာဖြစ်ကြောင်း သူ့မှာ ရန်ငြိုးရန်စမရှိပါဘဲ အခုလို အပစ်ခံရတာတော့ လက်နက်ကိုင်အဖွဲ့များရဲ့ စစ်ရေးတုံ့ပြန်မှုဖြစ်နိုင်ကြောင်း ဦးတင်မောင်သိန်းက ပြောပါတယ်။

အဲဒီဒေသမှာ တအာန်းပလောင်တပ်၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့တွေပါ လှုပ်ရှားသွားလာနေတယ်လို့ ဆိုပါတယ်။

အခုလို နေ့ခင်းကြောင်တောင် လူအုပ်ထဲ ၀င်ရောက်ပစ်ခတ်မှု ဖြစ်သွားတဲ့အတွက် မြို့ခံတွေကြား လုံခြုံမှုမရှိသလို ခံစားနေရပြီး ဈေးဆိုင်တချို့ပိတ်ထားကြတယ်လို့ ဦးတင်မောင်သိန်း က ဒီဗွီဘီကို ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013