DVB Logo
Home
မြန်မာသတင်း
ဥပဒေကြောင့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲ တရားမျှတမှုမရှိကြောင်း ကိုယ်စားလှယ်များ ဝေဖန်
DVB
·
December 29, 2014
ဥပဒေကြောင့် ရန်ကုန်စည်ပင်ရွေးကောက်ပွဲ တရားမျှတမှုမရှိကြောင်း ကိုယ်စားလှယ်များ ဝေဖန်
Donate to DVB

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီဝင်တွေအဖြစ် ရန်ကုန်  အရှေ့ပိုင်းခရိုင် - ဦးဌေးအောင်၊ အနောက်ပိုင်း ခရိုင်- ဦးခင်လှိုင်၊  တောင်ပိုင်းခရိုင်- ဒေါက်တာအေးမင်းနဲ့  မြောက်ပိုင်းခရိုင်- ဦးခင်မောင်တင့်တို့ကို ရွေးကောက်တင်မြှောက်ခံရကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာပါတယ်။

4ရန်ကုန်အနောက်ပိုင်းခရိုင်မှာ ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ဦးခင်လှိုင်က   “စပြီးတော့ တာဝန်ထမ်း ဆောင်ခွင့်ရတာနဲ့ ရန်ကုန်မြို့ပြည်သူတွေဆီကနေရတဲ့ အခွန်အခထဲ တနေ့ရတဲ့ ၃၀ ရာခိုင်နှုန်းကို ၀န်ထမ်းတွေကိုပြန်ပေးပြီး ကျန်တဲ့ ၇၀ ရာခိုင်နှုန်းကို ရန်ကုန်မြို့တော် ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းကို သုံးစွဲမှာဖြစ်တယ်” လို့  ပြောပါတယ်။

အခွန်ကောက်ရာမှာ မှန်ကန်မှု ရှိမရှိနဲ့ စာရင်းတင်မှု ရှိမရှိတွေကို စစ်ဆေးအရေးယူ သွားမှာဖြစ်သလို ပြည်သူတွေအတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်စေတယ်လို့ ဝေဖန်ခံနေရတဲ့  အခွန်အမျိုးအစားတွေကိုလည်း ပြန်လည်စိစစ်သွားမယ်လို့ ပြောပါတယ်။

ဒီရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ကြရသူတချို့က အနိုင်ရရှိတဲ့ပုဂ္ဂိုလ်တွေအပေါ် မဝေဖန်ပေမယ့် ရွေးကောက်ပွဲစနစ်ရဲ့ အားနည်းချက်အပေါ် ထောက်ပြဝေဖန်ကြပါတယ်။

ရန်ကုန် အနောက်ပိုင်းခရိုင်မှာ ယှဉ်ပြိုင်ရှုံးနိမ့်ခဲ့သူ ဦးဝင်းချိုက ဒီရွေးကောက်ပွဲဥပဒေက  တရားမျှတမှု မရှိဘူးလို့  ပြောပါတယ်။

“တကယ်တရား မမျှတတဲ့ကိစ္စက ဥပဒေတွေ နည်းဥပဒေတွေကို ထုတ်ပြန်ခဲ့တဲ့ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီကိုယ်ကိုက မတရားဘူး။ နောက်တခါ ဒီဥပဒေကြီးကို လက်ခံလိုက်တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရက မတရားတာပါ။ ဒီမတရားတဲ့ဥပဒေပေါ်မှာ အခြေခံပြီး ကိုယ်နိုင်လိုတဲ့ဆန္ဒနဲ့ မသမာမှုလုပ်တာကိုတော့ တကူးတက ကျနော်မပြောလိုတော့ပါဘူး။”

အလားတူ ရန်ကုန် မြောက်ပိုင်းခရိုင်မှာ ၀င်ရောက်ယှဉ်ပြိုင်ရှုံးနိမ်ခဲ့သူ  နော်လှလှစိုးကလည်း မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်မှာ ကန့်သတ်မူတွေ ရှိခဲ့ပြီး  ကိုယ်စားလှယ်လောင်း အချို့ဟာ စည်းကမ်းနဲ့ မညီညွတ်တဲ့ မဲဆွယ်မှုတွေလုပ်ခဲ့တာကြောင့် တရားမျှတမှုကို ထိခိုက်ခဲ့တယ်လို့ ဝေဖန်ခဲ့ပါ တယ်။

ဒါ့အပြင်  ဒီစည်ပင်ရွေးကောက်ပွဲမှာ မဲပေးဖို့ ပြည်သူတွေကို အသိပေးနိုးဆော်မှု အားနည်းတာ တစ်အိမ်တစ်ယောက်ပဲ မဲပေးဖို့ သတ်မှတ်ထားတာ၊ မဲပေးခွင့်ရှိသူတွေအပေါ် သတ်မှတ်ချက်ရှိ တာတွေကြောင့် မဲပေးဖို့ စိတ်ဝင်စားသူနည်းခဲ့ပါတယ်။

ရန်ကုန်အနောက်ပိုင်းခရိုင်မှာ အနိုင်ရခဲ့တဲ့ ဦးခင်လှိုင်ကတော့ ရွေးကောက်ပွဲ တရားမမျှတမှုဟာ စနစ်ကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

“ဘယ်အရာမဆို စနစ်ဆိုတာ အရေးကြီးပါတယ်။ ကျနော်တို့ ရွေးကောက်ပွဲစနစ်ကို မပြောခင် ရွေးကောက်ပွဲစနစ်တွေကို ထုတ်ပြန်တဲ့ ဥပဒေတွေရဲ့ အားနည်းချက် ကြောင့်ဖြစ်တာပါ”လို့ ပြောပါတယ်။

ရန်ကုန်မြို့က တော်စည်ပင်သာယာကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲကို နှစ်ပေါင်း ၆၀ ကျော်အတွင်း  ပထမဆုံးပြန်လည်ကျင်းပတာဖြစ်ပါတယ်။

ရန်ကုန်လူဦးရေ သိန်း ၅၀ ကျော်မှာ မဲပေးခွင့်ရှိသူ ၄ သိန်းကျော် ရှိပါတယ်။  မြို့နယ်အဆင့် ၉၉ နေရာ၊ ခရိုင်အဆင့် ၁၂ နေရာနဲ့ ဗဟိုကော်မတီအဆင့် ၄ နေရာ စုစုပေါင်း ၁၁၅ နေရာ အတွက်  ကိုယ်စားလှယ်ပေါင်း ၂၉၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013