DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံ ကန်ကျနပူရီတွင် တရားမ၀င် ၀င်ရောက်လာသည့် မြန်မာ ၁၀ ဦး ဖမ်းမိ
DVB
·
December 29, 2014
ထိုင်းနိုင်ငံ ကန်ကျနပူရီတွင် တရားမ၀င် ၀င်ရောက်လာသည့် မြန်မာ ၁၀ ဦး ဖမ်းမိ
Donate to DVB

ထိုင်းနိုင်ငံ အနောက်ဘက် ကန်ကျနပူရီခရိုင်ထဲမှာ ပွဲစားကနေတဆင့် တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို ဖမ်းဆီးရမိတယ်လို့ ခေါင်ဆွတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

[caption id="attachment_75387" align="alignright" width="488"]ဓာတ်ပုံ - khaosod.co.th ဓာတ်ပုံ - khaosod.co.th[/caption]

ကန်ကျနပူရီခရိုင် ထရိုင်းယုဒ်မြို့နယ်ထဲမှာ နယ်မြေလုံခြုံရေးယူနေတဲ့ အမှတ် ၂၅ စစ်ကြောင်းနဲ့  ဆုရဆီစစ်ကြောင်း အထူးသတင်းတပ်ဖွဲ့တို့ဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီကျော်က မြန်မာနယ်စပ်ဘက်ကနေ ၀င်ရောက်လာတဲ့ မီးခိုးရောင် ဟိုင်းလပ်ကားကို မသင်္ကာလို့  အနောက်ဘက်ကနေ မောင်းလိုက်ရာမှာ တရားမ၀င် ၀င်လာသူတွေကို ဖမ်းမိခဲ့တာလို့ အမှတ် ၂၅ စစ်ကြောင်းမှူး ဒုဗိုလ် ဆာထစ် ချူမ်းဖူးက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းစစ်တပ်က အနောက်က လိုက်လာမှန်းသိတဲ့ အဲဒီဟိုင်းလပ်ကားဟာ ဘန့်ဝန့်ဖိုး နဲ့ ဟွေ့မုန့် ရွာကြားလမ်းမပေါ်မှာ အရှိန်မြှင့်မောင်းနှင်ရာက အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကို ထိုးကျသွားခဲ့ကြောင်း၊ ကားမောင်းသမားဟာ တောထဲကို ထွက်ပြေးလွတ်မြောက်သွားပြီး ကျန်တဲ့သူတွေကို စစ်ဆေးမေးမြန်းရာမှာ မှတ်ပုံတင်အထောက်အထားမဲ့ အမျိုးသမီးရော အမျိုးသားပါ စုစုပေါင်း ၁၀ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ သူတို့အားလုံး မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး ထိုင်းနိုင်ငံထဲကို ပွဲစားကနေတဆင့် တဦးလျှင် ဘတ် ၁ သောင်းနှုန်းနဲ့  ကန်ကျနပူရီမှာ အလုပ်သွားလုပ်ဖို့ ၀င်ရောက်လာရင်း ခုလိုအဖမ်းခံရတာလို့  အမှတ် ၂၅ စစ်ကြောင်းမှူးက ပြောပါတယ်။

ထွက်ပြေးလွတ်မြောက်နေတဲ့ ကားသမားကို ဖမ်းဆီးရမိဖို့ ဆက်လက်ရှာဖွေနေသလို တရားမ၀င် ၀င်ရောက်လာသူတွေကို ဆက်လက်အရေးယူဖို့ ထရိုင်းယုဒ်မြို့နယ်ရဲစခန်း အထူးစုံစမ်းစစ်ဆေးရေးဌာနကို လွှဲအပ်ထားတယ်လို့ စစ်ကြောင်းမှူးရဲ့ အပြောကို ကိုးကားပြီး ခေါင်ဆွတ်သတင်း မှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013