DVB Logo
Home
နိုင်ငံတကာ
ရွေးကောက်ပွဲနိုင်ပါက အရွယ်ရောက်သူတိုင်း ဒေါ်လာ ၅,၀၀၀ ရမည်ဟု ထရမ့်ပ် မဲဆွယ်
DVB
·
October 5, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန် သမ္မတသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက လွှတ်တော်နှစ်ရပ်စလုံးကို ဆက်ထိန်းနိုင်ခဲ့ရင် အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသားတိုင်းကို ဒေါ်လာ ၅,၀၀၀ စီ ပေးမယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်က ထပ်မံကတိပြုလိုက်ပါတယ်။

ထရမ့်ပ်က အောက်တိုဘာ ၃ ရက် Truth Social မှာ တင်ခဲ့တဲ့ ဗီဒီယိုမှာ ဒီကတိကို ပြန်လည်ပြောခဲ့ပြီး နိုဝင်ဘာ ၃ ရက် သက်တမ်းဝက်ရွေးကောက်ပွဲရလဒ်နဲ့ ချိတ်ဆက်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ရီပတ်ဘလစ်ကန် ပါတီညီလာခံမှာလည်း ထရမ့်ပ်က ဒီ ဒေါ်လာ ၅,၀၀၀ အစီအစဉ်ကို ထရမ့်ပ်အစုပေါ်အမြတ် “Trump dividend” အဖြစ် ပထမဆုံး ကြေညာခဲ့ပါတယ်။

ထရမ့်ပ်က ဒီမိုကရက်တွေ နိုင်ခဲ့ရင် “၁၉၂၉ ခုနှစ်လို စီးပွားပျက်ကပ် ကြုံရမယ်” လို့လည်း သတိပေးခဲ့ပေမဲ့ အဲဒီခန့်မှန်းချက်အတွက် အထောက်အထားတော့ မပြသခဲ့ပါဘူး။

ဒါပေမဲ့ ဒေါ်လာ ၅,၀၀၀ ပေးရေးအတွက် ဘယ်သူတွေ အကျုံးဝင်မလဲ၊ ငွေဘယ်ကရမလဲ၊ ဘယ်အချိန်ပေးမလဲ ဆိုတဲ့ အသေးစိတ်အစီအစဉ် မရှိသေးသလို ကွန်ဂရက်ရဲ့ အတည်ပြုချက်လည်း လိုအပ်ပါတယ်။

အရွယ်ရောက်ပြီးသူ အမေရိကန်နိုင်ငံသား သန်း ၂၄၀ လောက်ကို ပေးမယ်ဆိုရင် စုစုပေါင်း ဒေါ်လာ ၁ ဒသမ ၂ ထရီလီယံလောက် ကုန်ကျနိုင်ပြီး ရီပတ်ဘလစ်ကန်အမတ်တချို့က ငွေကြေးဖောင်းပွမှုနဲ့ အစိုးရကြွေးမြီ ပိုဆိုးလာနိုင်တယ်လို့ စိုးရိမ်ထားပါတယ်။

ထရမ့်ပ်အစိုးရက လက်ရှိမှာ Medicare အသုံးပြုသူ သန်း ၂၀ ကျော်ကို ဒေါ်လာ ၉၀ စီပေးဖို့နဲ့ Obamacare ဝန်ဆောင်မှုရယူခဲ့သူတချို့ကို ဒေါ်လာ ၅၀၀ ပြန်ပေးရေး စတဲ့ သီးခြား ငွေပေးအစီအစဉ်တွေကိုလည်း လုပ်ဆောင်နေပါတယ်။

ဒါပေမဲ့ အရင်က ကြေညာခဲ့တဲ့ ဒေါ်လာ ၅,၀၀၀ “DOGE dividend” နဲ့ လူတယောက် ဒေါ်လာ ၂,၀၀၀ စည်းကြပ်ခွန် အမြတ်ဝေစု အစီအစဉ်တွေကတော့ အကောင်အထည်မပေါ်ခဲ့ပါဘူး။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013