DVB Logo
Home
မြန်မာသတင်း
အန်အယ်ဒီအဖွဲ့ဝင်အချင်းချင်း ညီညွှတ်ရန်လိုကြောင်း ဒေါ်စု တိုက်တွန်း
DVB
·
December 29, 2014
အန်အယ်ဒီအဖွဲ့ဝင်အချင်းချင်း ညီညွှတ်ရန်လိုကြောင်း ဒေါ်စု တိုက်တွန်း
Donate to DVB

[caption id="attachment_75376" align="alignright" width="358"]ဓာတ်ပုံ - အေးမြမြမျိုး ဓာတ်ပုံ - အေးမြမြမျိုး[/caption]

အဖွဲ့ချုပ်ကို ထူထောင်ထားတာဟာ ပြည်သူအကျိုးအတွက် ထူထောင်ထားတာဖြစ်တဲ့ အတွက်  ကိုယ့်အကျိုးအတွက် ဆောင်ရွက်မယ်ဆိုရင် အဖွဲ့ချုပ်ကို မ၀င်သင့်ကြောင်းနဲ့ အဖွဲ့ချုပ်ဝင်အချင်းချင်း ညီညွတ်ဖို့ လိုတဲ့အကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အန်အယ်ဒီ ပါတီဝင်တွေကို တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၈ ရက်နေ့က မြောင်းမြမြို့မှာ ပြုလုပ်ခဲ့တဲ့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီး ဒေါ်ခင်ကြည်ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် အခမ်းအနားကို တက်ရောက်ဖို့အတွက် လာရာလမ်းမှာရှိတဲ့ အိမ်မဲမြို့ ပြည်သူလူထုနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

လူတစ်ဦးချင်းက ကိုယ့်တာဝန် ကိုယ်ကျေမှ နိုင်ငံတိုးတက်နိုင်မှာဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုသာ အားကိုးမနေသင့်ဘဲ ကိုယ့်ကိုယ်ကိုယ် အားကိုးဖို့ လိုကြောင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့ ပြည်သူလူထု ဖြစ်လာမှ နိုင်ငံတိုးတက်နိုင်မယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပြည့်ဝတဲ့ ပြည်သူတွေ ဖြစ်လာရင်  ပြည်သူလူထုကြား မှာ သွေးစည်းမှု ခိုင်မာလာပြီး နိုင်ငံအနေနဲ့လည်း စည်းရုံးညီညွတ်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013