DVB Logo
Home
မြန်မာသတင်း
ရန်ကုန်စည်ပင် ရွေးကောက်ပွဲရလဒ် မနက်ဖြန် ထုတ်ပြန်မည်
DVB
·
December 28, 2014
ရန်ကုန်စည်ပင် ရွေးကောက်ပွဲရလဒ် မနက်ဖြန် ထုတ်ပြန်မည်
Donate to DVB

1စနေနေ့ကပြုလုပ်ခဲ့တဲ့ ရန်ကုန်စည်ပင်ရွေးကောက်ပွဲ ရလဒ်တွေကို မနက်ဖြန် တနင်္လာနေ့ မှာ ထုတ်ပြန်မယ်လို့ စည်ပင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီဗွီဘီကို ပြောပါတယ်။

လတ်တလောထွက်ပေါ်နေတဲ့ သတင်းတွေအရ ကော်မတီဝင်အဆင့်မှာ ပြည်သူ့ကိုယ်စားလှယ်တချို့ အနိုင်ရရှိတယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။

နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြုလုပ်တဲ့ ရွေးကောက်ပွဲမှာ မဲစာရင်းကျန်တဲ့ ပြဿနာကို နေရာတိုင်းလိုလို ကြုံခဲ့ရပြီး တချို့မဲဆန္ဒနယ်တွေမှာ မဲပေးခွင့်ရှိသူတွေထဲက ထက်ဝက်လောက်ပဲ မဲပေးခဲ့ကြပါတယ်။

ရန်ကုန်လူဦးရေ သိန်း ၅၀ ကျော်မှာ မဲပေးခွင့်ရှိသူ ၄ သိန်းကျော် ရှိပါတယ်။ မြို့နယ်အဆင့် ၉၉ နေရာ၊ ခရိုင်အဆင့် ၁၂ နေရာနဲ့ ဗဟိုကော်မတီအဆင့် ၄ နေရာ စုစုပေါင်း ၁၁၅ နေရာအတွက် ကိုယ်စားလှယ်ပေါင်း ၂၉၀ ကျော် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013