DVB Logo
Home
မြန်မာသတင်း
ပြေတီဦး၊ ၀တ်မှုံရွှေရည်၊ ခိုင်သင်းကြည်နှင့် မင်းဦးတို့ အကယ်ဒမီဆုများ ဆွတ်ခူး
DVB
·
December 27, 2014
ပြေတီဦး၊ ၀တ်မှုံရွှေရည်၊ ခိုင်သင်းကြည်နှင့် မင်းဦးတို့  အကယ်ဒမီဆုများ ဆွတ်ခူး
Donate to DVB

၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုတွေကို ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနဲ့ ၀တ်မှုံရွှေရည် တို့ ရရှိသွားပါတယ်။

Myanmar Acade 2013-27122014၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲအခမ်းအနားကို ရန်ကုန်မြို့ Myanmar Event Part (MEP) ခန်းမမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

ရုပ်ရှင်သရုပ်ဆောင် ပြေတီဦးနဲ့ ၀တ်မှုံရွှေရည် တို့ကတော့ ဒါရိုက်တာဝိုင်း ရိုက်ကူးတဲ့ နင်စေရင် ဇာတ်ကားနဲ့ အကယ်ဒမီဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး ဒါရိုက်တာ ဆုကိုတော့ ဒါရိုက်တာဝိုင်းက စေတန်ရဲ့ ကချေသည်ဇာတ်ကားနဲ့ ရရှိသွားပါတယ်။

အမျိုးသားဇာတ်ပို့ဆုကို ရုပ်ရှင်သရုပ်ဆောင် မင်းဦးက နင်စေရင်ဇာတ်ကားနဲ့ ရရှိခဲ့ပြီး အမျိုးသမီးဇာတ်ပို့ဆုကို ရုပ်ရှင်သရုပ်ဆောင် ခိုင်သင်းကြည်က စုန်းပြူး ဇာတ်ကားနဲ့ ရရှိခဲ့ကြပါတယ်။ နောက်ခံတေးဂီတဆုကိုတော့ စန္ဒယားတင်ဝင်းလှိုင်က ကြယ်စင်မော်ကွန်း ရုပ်ရှင်းကား နဲ့ ရရှိခဲ့ပါတယ်။

ထူးခြားချက်ကတော့ ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီဆု ၁၁ ဆုပေးမယ်လို့ ပွဲမတိုင်ခင် ကြေညာထားပေမယ့် အကောင်းဆုံး ဇာတ်ကားဆု၊ ရုပ်ရှင်ဇာတ်ညွှန်းဆု၊ ရုပ်ရှင်ဓာတ်ပုံဆု၊ ရုပ်ရှင်အသံဆုနဲ့ ရုပ်ရှင်တည်းဖြတ်ဆုတို့ကိုတော့ ပေးအပ်ခဲ့ခြင်း မရှိပေ။

အကယ်ဒမီဆု ၁၁ ဆုထဲမှာ ဆု ၆ ဆုကိုတာ ပေးခဲ့ပြီး ဘာကြောင့် ဒီဆု ၅ ဆုကို မပေးလည်းဆိုတာတော့ မသိရသေးပါဘူး။ ဒါ့အပြင် ၂၀၁၃ ခုနှစ်အတွက် အကယ်ဒမီဆု ၁၁ ဆုရဲ့ စာရင်းတွေဟာ ဆုပေးပွဲမတိုင်ခင် တရက်လောက်အလိုမှာကတည်းက ဆုရရှိမယ့်စာရင်းတွေ အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။

မြန်မာ့ရုပ်ရှင် အကယ်ဒမီပေးပွဲအခမ်းအနားမှာ ၂၀၁၃ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၁၅ ကျော်ထဲကမှ အကယ်ဒမီ ဆန်ခါတင်ရုပ်ရှင်ဇာတ်ကား ၆ ကားကို ရွေးချယ်ပြီး ဆုတွေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အကယ်ဒမီဆုပေးပွဲအခမ်းအနားကို ဒုသမ္မတ စိုင်းမောက်ခမ်း၊ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်၊ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်း၊ ရုပ်ရှင်နဲ့ အနုပညာရှင်အသိုင်းအ၀ိုင်းက လူ ၁၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ဒီနှစ် ၂၀၁၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဦးဆောင် ကျင်းပခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ အရင်က ပြန်ကြားရေး ၀န်ကြီးဌာနက ဦးစီးပြီး ရန်ကုန်၊ နေပြည်တော် စတဲ့ နေရာတွေက အားကစားရုံတွေနဲ့ အစိုးရပိုင် အဆောက်အဦတွေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီနှစ်မှာတော့ ရန်ကုန်မြို့ ရှင်စောပုလမ်းက မြန်မာအီးဗတ်ပတ်မှာ ပထမဦးဆုံးအကြိမ်  ကျင်းပပြုလုပ်တာဖြစ်ပြီး ဒါဟာ မြန်မာ့ရုပ်ရှင်သမိုင်းရဲ့ ထူးခြားမှုလည်း ဖြစ်ပါတယ်။

ရုပ်ရှင်လောက တိုးတက်နဲ့ ရုပ်ရှင်ကားတွေ အဆင့်အတန်းမြင့်လာစေဖို့ ရည်ရွယ်ပြီး  မြန်မာ့ရုပ်ရှင် အဆင့်အတန်းမြှင့်တင်ရေး အကဲဖြတ်အဖွဲ့ကို ၁၉၅၂ ခုနှစ်မှာ စတင်ဖွဲ့စည်း ခဲ့တာပါ။ ၁၉၅၂ ခုနှစ် နဲ့ ၁၉၅၃ ခုနှစ်တွေမှာ ၁၊ ရုပ်ရှင်ဇာတ်ကားဆု၊ အမျိုးသားဇာတ်ဆောင်ဆု နဲ့ အမျိုးသမီးဇာတ်ဆောင်ဆု  ရုပ်ရှင် ထူးချွန်ဆု ၃ မျိုးကိုသာ ပေးခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာမှ ဆုတွေကို တိုးချဲ့ ချီးမြှင့်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာတော့ ရုပ်ရှင်ထူးချွန်ဆုကို ၁၁ မျိုးထိ ပေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013