DVB Logo
Home
မြန်မာသတင်း
စစ်သွေးကြွများကို ပြန်တိုက်ရန် မြန်မာအပါအ၀င် ၃ နိုင်ငံကို အိန္ဒိယ အကူအညီတောင်း
DVB
·
December 27, 2014
စစ်သွေးကြွများကို ပြန်တိုက်ရန် မြန်မာအပါအ၀င် ၃ နိုင်ငံကို အိန္ဒိယ အကူအညီတောင်း
Donate to DVB

[caption id="attachment_74953" align="alignright" width="364"]ဒီဇင်ဘာလ ၂၄ ရက်နေ့က မျိုးနွယ်စုပြောက်ကျားတပ်လို့ သံသယရှိသူတွေက အပြန်အလှန် လက်စားချေ တိုက်ခိုက်မှုအတွင်း လူ ၅၁ ယောက် သေဆုံး ဒီဇင်ဘာလ ၂၄ ရက်နေ့က မျိုးနွယ်စုပြောက်ကျားတပ်လို့ သံသယရှိသူတွေ အပြန်အလှန် လက်စားချေ တိုက်ခိုက်မှုအတွင်း လူ ၅၁ ယောက် သေဆုံး[/caption]

အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်မှာ ဒီတပတ် အနည်းဆုံး လူ ၈၀ လောက် သေနတ်ပစ်သတ်ခံရလို့ သေဆုံးသွားရတာကြောင့်  အဲဒီဒေသခံ စစ်သွေးကြွတွေကို ပြန်တိုက်ခိုက်ဖို့ မြန်မာ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ပူးပေါင်းဆောင်ရွက်ပေးဖို့ အကူအညီ တောင်းထားတယ်လို့ ဒီိဇင်ဘာလ ၂၆ ရက်နေ့က တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ ဘိုဒိုတိုင်းရင်းသားတွေအတွက် သီးခြားပြည်နယ် ရရှိရေး တောင်းဆိုနေတဲ့ ဘိုဒိုလန်း အမျိုးသား ဒီမိုကရက်တစ် တပ်ဦးအဖွဲ့က ဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ယူဆထားပါတယ်။

တချို့စစ်သွေးကြွတွေဟာ အိမ်နီးချင်း ဘူတန်နိုင်ငံထဲ ထွက်ပြေးသွားကြပြီးတော့ အဲဒီအဖွဲ့ခေါင်းဆောင်ဟာ မြန်မာနိုင်ငံကနေ အခြေစိုက် ညွှန်ကြားနေတာလို့လည်း ယူဆထားပြီး  ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုထားကြောင်း တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

အာသံပြည်နယ်ဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိပြီး တရုတ်၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဘူတန်နိုင်ငံတွေကြား ညပ်နေတဲ့နယ်မြေတခုဖြစ်ပြီး စစ်သွေးကြွတွေဟာ တောထူတပ်တဲ့ တောင်တွေကြားကနေ နယ်စပ်တွေကို ဖြတ်ကျော် သွားလာလှုပ်ရှား နေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013