DVB Logo
Home
မြန်မာသတင်း
ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်မလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို
DVB
·
December 27, 2014
ဒဏ်ခတ်ပိတ်ဆို့မှုများ ပြန်မလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို
Donate to DVB

မြန်မာအစိုးရကို အဓိပ္ပာယ်ရှိတဲ့ ပြုပြင်ပြောင်းလဲမှု ဆွေးနွေးမှုထဲ ၀င်လာအောင် တိုက်တွန်းပေးဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ မအောင်မမြင် ဖြစ်နေပေမယ့်လည်း ဒဏ်ခတ်ပိတ်ဆို့တွေကို ပြန်လည် မလုပ်ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က အနောက်နိုင်ငံတွေကို ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။

DASSK-WISH(DOHA111213)မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ပတ်သက်ပြီး အကောင်းမြင်လွန်းတာမျိုး မဖြစ်ဖို့ ဝေဖန်ပြောကြားခဲ့ပေမယ့်လည်း ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ တွန်းအားပေးခြင်းကနေ အကူအညီ ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့တာပါ။

နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှု လျော့ကျမသွားပဲ မြန်မာနိုင်ငံကို ပျော်ရွှင်စရာ နိဂုံး ဖြစ်စေချင်နေတာက ပြဿ    နာတရပ် ဖြစ်တယ်လို့ ဘီဘီစီ ရေဒီယို ၄ ရဲ့ အစီအစဉ်မှာ ပြောသွားပါတယ်။

မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ်မှာ အရပ်သားတပိုင်းအစိုးရ စတင်အုပ်ချုပ်လိုက်ချိန်မှာ နိုင်ငံတကာရဲ့ အပယ်ခံနိုင်ငံအဖြစ်ကနေ ကင်းလွတ်ခဲ့ပေမယ့် စစ်တပ်ကတော့ ခိုင်ခိုင်မာမာ ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အမေရိကန်သမ္မတ ဘားရက်အိုဘားမား မြန်မာနိုင်ငံကို လာရောက်ခဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်မရစေအောင် တားထားတဲ့ ဥပဒေက အဓိပ္ပာယ် မရှိဘူးလို့ ပြောသွားပါတယ်။

“သမ္မတအဖြစ် လုပ်ကိုင်ခွင့်ရအောင် အခြေခံဥပဒေကို ပြင်ဆင်စေချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုက သိပ်ကောင်းလွန်းနေတာ မဟုတ်ကြောင်းနဲ့ စစ်တပ်ထဲက လူအများစုက အစစ်အမှန်ပြောင်းလဲဖို့ စိတ်အားထက်သန်မှု မရှိပဲ၊ သူတို့သာလျှင် နိုင်ငံကို ထိန်းသိမ်းအုပ်ချုပ်နိုင်စွမ်း ရှိသူတွေ၊ ဆက်လက်ယုံကြည် ယူဆနေကြတာ”လို့ ပြောသွားပါတယ်။

ဒါပေမယ့်လည်း မြန်မာနို်င်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲကို အသိအမှတ်ပြုတဲ့အနေနဲ့ ၂၀၁၃ ခုနှစ်က ဖြေလျှော့ပေးခဲ့တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြန်စတင် လုပ်ဆောင်မယ် ဆိုတဲ့ ဥရောပသမဂ္ဂရဲ့ အကြံပေးချက်ကိုတော့ အခိုင်အမာ ပယ်ချခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013