DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းအမှု နှစ်ဘက်သက်သေများ အပြန်အလှန်တင်ပြ
DVB
·
December 26, 2014
လိပ်ကျွန်းအမှု နှစ်ဘက်သက်သေများ အပြန်အလှန်တင်ပြ
Donate to DVB

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် လိပ်ကျွန်း (ခိုတောင်းကျွန်း) လူသတ်မှုကို ဒီကနေ့ ကော့စမွီတရားရုံးမှာ ရုံးထုတ်ပြီး နှစ်ဘက်သက်သေစာရင်းတင်ပြကြပါတယ်။

[caption id="attachment_75075" align="aligncenter" width="527"]စွပ်စွဲခံ လူငယ် ၂ ဦး (ဓာတ်ပုံ -  Andy Hall) စွပ်စွဲခံ လူငယ် ၂ ဦး (ဓာတ်ပုံ - Andy Hall)[/caption]

ဒီအမှုကို လိုက်ပါဆောင်ရွက်တဲ့ ထိုင်းရှေ့နေများကောင်စီရဲ့ အဖွဲ့ခေါင်းဆောင် နခွန်းချွန်ဖူး ချပ်က “ဒီကနေ့ ကျနော်တို့ နှစ်ဘက်သက်သေတွေ စာရင်းကို စစ်ဆေးပြီးပါပြီ။ သက်သေစာရင်းကတော့ တဖက်နဲ့တဖက် ယုံကြည်မှု နည်းကြပါတယ်။ နှစ်ဘက်သက်သေတွေ ယူလာပါတယ်။ သက်သေတွေကို နောက်နှစ် ဇူလိုင်လမှာ စတင်စစ်ဆေးမယ်။ တရားလိုဘက်က ၁၂ ရက် စစ်ဆေးမယ်။ တရားခံဘက်က ၆ ရက် စစ်မယ်။ တရားလိုဘက်က သက်သေ ၆၀ ကျော်ရှိတယ်။ ကျနော်တို့ဘက်က ၃၀ ကျော်ရှိတယ်။”

တရားသူကြီးက ဒီကနေ့ တရားခံလူငယ် ၂ ဦးကို ကျူးလွန်မှု ရှိမရှိ၊ မရှိဘူးဆိုရင် ကျူးလွန်သူကို သိက ဖြေကြားရန် နှစ်ကြိမ်ထပ်မေးတယ်လို့ဆိုပါတယ်။

နခွန်းချွန်ဖူးချပ်က “တရားသူကြီးက ဒီနေ့ထပ်မေးတယ် မင်းတို့ လုပ်သလားလို့ မေးတယ်။ ကျနော်တို့ မလုပ်ဘူးလို့ ဖြေတယ်။ ဒါဆိုရင် မင်းတို့သိလား ဘယ်သူလုပ်လဲလို့ မေးတယ်။ မင်းတို့သိရင်လည်း ပြောပြပါဦးလို့ ပြောတယ်။ ကလေးနှစ်ယောက်ကလည်း ကျနော်တို့လည်း ဘယ်သူလုပ်လဲဆိုတာ မသိဘူးပြောတယ်။ အဲဒီနေ့က ကျနော်တို့ အရက်သောက်တယ်၊ မူးတယ်။ အိမ်ပြန်အိပ်တယ်လို့ ပြောတယ်။ တရားသူကြီးက နောက်တခါမေးတယ်။ ဖြေဖို့ မကြောက်ပါနဲ့လို့ ဖြည့်ပြောပါတယ်။ ကလေးတွေကလည်း ခုနလိုပဲ ပြန်ဖြေကြတယ်။ အဲလောက်ပါပဲ” လို့ ပြောပါတယ်။

တရားခွင်ကို တက်ရောက်ခဲ့တဲ့ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အတိုင်ပင်ခံ Andy Hall က “လူငယ်နှစ်ယောက်အခြေအနေကြည့်ရတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်အ၀ရှိတာတွေရတယ် လန်းလန်းဆန်းဆန်းရှိတယ်။ အားပေးတဲ့သူတွေက လည်း များတာကိုး။ မြန်မာသံရုံးကရော၊ မိဘတွေရော၊ ဘုန်းကြီးတွေရော၊ ရခိုင်အဖွဲ့အစည်းကရော၊ ရှေ့နေလည်း ငါးယောက်တောင်ပါတယ်။ ဒါပေမယ့် နောက်ထပ် ထောင်ထဲမှာ ၇ လ နေရမယ့်အပေါ်မှာတော့ အားငယ်တယ်လို့ ပြောပါတယ်။”

အသက် ၂၁ နှစ်အရွယ် ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ဟာ စက်တင်ဘာ ၁၅ ရက်နေ့က ဖြစ်ပွားတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး လူသတ်မှု၊ မုဒိမ်းမှု၊ ခိုးမှု စတဲ့ အမှု ၇ မှုနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013