DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်း သေဆုံးဒဏ်ရာရမှု မလိုလားအပ်သည့် ကြေကွယ်ဖွယ်ဖြစ်စဉ်ဟု ဦးရဲထွဋ်ပြော
DVB
·
December 26, 2014
လက်ပံတောင်း သေဆုံးဒဏ်ရာရမှု မလိုလားအပ်သည့် ကြေကွယ်ဖွယ်ဖြစ်စဉ်ဟု ဦးရဲထွဋ်ပြော
Donate to DVB

လူတဦးသေနတ်ထိမှန်သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြတဲ့  လက်ပံတောင်းတောင်ပဋိပက္ခဟာ မလိုလားအပ်တဲ့ ကြေကွဲဖွယ်ဖြစ်စဉ်လို့ အစိုးရက  ရှုမြင်ကြောင်း သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_75066" align="aligncenter" width="569"]ဦးရဲထွဋ် (ဓာတ်ပုံ - Ye Htut facebook) ဦးရဲထွဋ် (ဓာတ်ပုံ - Ye Htut facebook)[/caption]

အစိုးရအနေနဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကော်မရှင် အစီရင်ခံစာကို အကောင် အထည်ဖော်တဲ့ ကော်မတီခေါင်းဆောင်ကိုယ်တိုင် ကွင်းဆင်းကြည့်ရှုမယ့်အစီအစဉ် အပါအ ၀င် အပိုင်းသုံးပိုင်း ခွဲလုပ်ဆောင်နေတယ်လို့ သူ ပြောပါတယ်။

“ဒါနဲ့ပတ်သက်လို့ ကျနော်တို့ ဘာတွေလုပ်နေသလဲလို့မေးရင် ပထမဆုံးတခုကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဒီဖြစ်စဉ်မှာ လူသေဆုံးထိခိုက်ဒဏ်ရာရရှိတာနဲ့ပတ်သက်ပြီး အထူးသဖြင့် လူသေဆုံးမှုနဲ့ ပတ်သက်ပြီး သေမှုသေခင်းအရ အမှုဖွင့်ပြီးတော့ သူတို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ နောက်တခါ တိုင်းဒေသကြီးအစိုးရအနေနဲ့တော့ ဖြစ်စဉ်တခုလုံးကို ပြန်ကြည့်မယ်၊ ဖြစ်စဉ်မှာ ဆန္ဒပြသူတွေရဲ့ လုပ်ဆောင်ချက်တွေ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြန်လည်ကိုင်တွယ်ဆောင်ရွက်မှုတွေ ဒါတွေဟာ လူအုပ်စုဖြိုခွဲရာမှာ လိုက်နာဆောင်ရွက်ရတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခဲ့ခြင်း ရှိ မရှိပေါ့၊ ပြန်ပြီး စိစစ်ဖို့ ရှိပါတယ်။ နံပါတ်သုံးကတော့ လက်ပံတောင်းတောင်စီမံကိန်းနဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကော်မရှင်ရဲ့ ထောက်ခံချက်တွေကို အကောင်အထည်ဖော်နေရတဲ့ ကော်မတီရဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းကလည်းပဲ အဲ့ဒီနယ်မြေကို သွားရောက်ပြီး အခြေအနေတွေကို စုံစမ်းဖို့ ရှိပါတယ်။”

သမ္မတအနေနဲ့ လက်ပံတောင်းအရေးနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ်ဖွဲ့ပြီး လုပ်ဆောင်ဖို့ မရှိဘဲ လတ်တလောမှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တိုင်းဒေသကြီး အစိုးရတို့ရဲ့ စုံစမ်းစစ်ဆေးချက်၊ ၀န်ကြီး ဦးလှထွန်း သွားရောက်မယ့် ခရီးစဉ်တွေအပေါ် စောင့်ကြည့်သွားဦးမယ်လို့ ပြောပါတယ်။

နိုင်ငံသားတွေရဲ့ အသက်အန္တရာယ် ထိခိုက်စေတဲ့အထိ ဒီအဓိကရုဏ်းဖြစ်ပွားရမှုဟာ သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းအနေနဲ့ လက်ပံတောင်း ကော်မရှင်ရဲ့ အကြံပြုချက်တွေကို  အတိအကျ မလိုက်နာခဲ့တာကြောင့် ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကတော့ အန်အယ်ဒီပါတီရဲ့ ဒီသတင်းထုတ်ပြန်ချက်ဟာ  ယေဘူယျဆန်လွန်းပြီး တကယ့်အခြေအနေမှန်ကို မထင်ဟပ်ဘူးလို့  တုန့်ပြန်ပါတယ်။

“အဲ့ဒါက အလွန်ယေဘူယျဆန်တဲ့ ကောက်ချက်ပဲလေ။ တကယ်ပြောသင့်တာက ကော်မရှင်ရဲ့ ထောက်ခံချက်တင်ပြချက် ဘယ်နှခုမှာ ဘယ်နှခုပြီးပြီးတော့ ဘယ်နှခု ကျန်သလဲဆိုတာမျိုး ပြောသင့်တယ်။ နောက်တချက်က ကော်မရှင်ပဲဖြစ်ဖြစ်၊ ကုမ္ပဏီပဲဖြစ်ဖြစ်၊ အစိုးရကပဲဖြစ်ဖြစ်က လုပ်လို့ မရတဲ့ ကိစ္စတွေရှိတယ်။ ဥပမာ လျော်ကြေးပေးပါလို့ သတ်မှတ်ပေးတဲ့ နှုန်းထားကို ကျနော်တို့က ပေးတယ်။ အများစုကယူတယ်။ အနည်းစုက မယူဘဲနဲ့ မဖြစ်နိုင်တဲ့ တောင်းဆိုချက်မျိုး တောင်းဆိုတာ ရှိခဲ့မယ်ဆိုရင် ဒီဘက်က ပေးတဲ့သူချည်း အပြစ်တင်လို့ မရဘူး။ ဒါကြောင့်မို့လို့ အန်အယ်လ်ဒီရဲ့ ထုတ်ပြန်ချက်က ယေဘူယျဆန်တယ်။ တကယ့်အခြေအနေမှန်ကို ထင်ဟပ်နိုင်ခြင်း မရှိဘူးလို့ ကျနော်မြင်ပါတယ်။”

လက်ပံတောင်းပဋိပကနဲ့ပတ်သက်ပြီး တိုင်းအစိုးရ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ အစိုးရကော်မတီတွေဘက်က မြန်မြန်ဆန်ဆန်စုံစမ်းစစ်ဆေးဖော်ထုတ်ကြလိမ့်မယ်လို့ ထင်မြင်မိကြောင်းလည်း ဦးရဲထွဋ်က ပြောပါတယ်။

လက်ပံတောင်းကြေးနီစီမံကိန်းဧရိယာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က ရဲနဲ့ ဒေသခံတွေအကြား  ပဋိပက္ခဖြစ်ရာမှာ ရဲက သေနတ်နဲ့ပစ်ခတ်လို့ အသက် ၅၀ ကျော် အရွယ် ဒေါ်ခင်ဝင်း သေဆုံးပြီး လူ ၂၀ လောက် ဒဏ်ရာ ရရှိသွားပါတယ်။

ဒေါ်ခင်ဝင်းသေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ အမြန်ဆုံး အမှုမှန်ဖော်ထုတ်ပေးဖို့ ဗကသ ကျောင်းသားတွေကလည်း ချီတက်ဆန္ဒပြနေကြသလို ပြည်မြို့မှာလည်း ထိုင်သပိတ်ပြုလုပ်ပြီး ဆန္ဒပြဆောင်းဆိုခဲ့ကြပါတယ်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသာအေးက သေဆုံး ဒဏ်ရာရသူတွေအတွက် နစ်နာကြေးပေး မယ့်အစီအစဉ်၊ ခြံစည်းရိုးခတ်ရာမှာ ပါသွားတဲ့ လယ်ယာမြေတွေအတွက် သီးနှံလျော်ကြေးနဲ့ မြေယာလျော်ကြေးပေးမယ့် အစီအစဉ်တွေ ရှိတဲ့အကြောင်းနဲ့ စုံစမ်းရေးကော်မရှင်တရပ်ဖွဲ့စည်း ဆောင်ရွက်နေကြောင်း စစ်ကိုင်းတိုင်း အန်အယ်လ်ဒီ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်မှာ ကတိပြုပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013